AD
AD
AD
play

ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က စပိန်အသင်းကို ၆ ဂိုး ၁ ဂိုးနဲ့ အရှက်တကွဲရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ အာဂျင်တီးနားအသင်းရဲ့ကြယ်ပွင့်တိုက်စစ်မှူး လီယွန်နယ်မက်ဆီဟာ ကြွက်သားနာကျင်ဒဏ်ရာကြောင့် ပါဝင်ကစားခဲ့ခြင်းမရှိတဲ့အပေါ် အာဂျင်တီးနားအသင်းရဲ့ဂန္တဝင်ဂိုးသမားကြီး ဟူဂိုဂတ်တီက ပြစ်တင်ဝေဖန်လိုက်ပါတယ်။

play

 

ဘာစီလိုနာအသင်းရဲ့တိုက်စစ်မှူး မက်ဆီဟာ စပိန်အသင်းရဲ့တစ်ဂိုးပြီးတစ်ဂိုးသွင်းတာ ခံနေရတဲ့ အာဂျင်တီးနားအသင်းဖော်တွေကို ပွဲကြည့်စင်ကနေ စိတ်ပျက်လက်ပျက်ထိုင်ကြည့်နေခဲ့ပြီး နောက်ဆုံး ၆ ဂိုးမြောက်သွင်းလိုက်တဲ့အချိန်မှာတော့ ပွဲကို ဆက်လက်မကြည့်ရှုတော့ဘဲ ထပြန်သွားခဲ့တာကို တွေ့ရပါတယ်။

play

 

အာဂျင်တီးနားအသင်းရဲ့ဂန္တဝင်ဂိုးသမားကြီး ဟူဂိုဂတ်တီက မက်ဆီရဲ့နေရာမှာ ခရစ်စတီယာနိုရော်နယ်ဒိုသာဆို ဒဏ်ရာရရှိနေရင်လည်း ဝင်ကစားမယ်လို့ ယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။ အာဂျင်တီးနားအသင်းရဲ့နည်းပြ ဂျော့ဂ်ျဆန်ပါအိုလီကလည်း မိမိတို့အသင်းဟာ မက်ဒရစ်မြို့မှာ အရှက်တကွဲရှုံးနိမ့်ခဲ့တာဖြစ်ကြောင်း ဝန်ခံပြောကြားခဲ့ပါတယ်။

play

 

ဟူဂိုဂတ်တီက ရီးရဲမက်ဒရစ်အသင်းရဲ့ဘလွန်းဒီအော် ၅ ဆုပိုင်ရှင်ခရစ်စတီယာနိုရော်နယ်ဒိုအနေနဲ့ သာမန်ကြွက်သားနာကျင်မှုလေးကြောင့် လက်ရွေးစင်အသင်းအတွက် ကစားပေးရမယ့်တာဝန်ကို ပျက်ကွက်မှာမဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။

"မက်ဆီအနေနဲ့ ကစားကို ကစားရမယ်။ လူတွေက သူ့ကို မြင်ချင်နေကြတာလေ။ ခရစ်စတီယာနိုသာဆို ကစားပြီးသားပဲ"လို့ပြောကြားခဲ့ပါတယ်။

Source & Photos: Goal

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD