AD
AD
AD

ရိုးမားအသင်းရဲ့ဥက္ကဌ ဂျိမ်းစ်ပါလော့တာက ယခုရာသီကုန်မှာ အယ်လီဆင်ကို လုံးဝ ရောင်းချမှာမဟုတ်ကြောင်း ပြောကြားခဲ့ပြီး အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး မေ့ပစ်လိုက်ကြဖို့ သတိပေးခဲ့ပါတယ်။

play

 

အသက် ၂၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရိုးမားအသင်းရဲ့ ကြယ်ပွင့်ဂိုးသမား အယ်လီဆင်ဟာ ယခုရာသီမှာ အကောင်းဆုံးလက်စွမ်းပြ ကစားပေးထားပြီး ရီးရဲမက်ဒရစ်အသင်းနဲ့ လီဗာပူးအသင်းတို့က အယ်လီဆင်ကို ခေါ်ယူဖို့ ကမ်းလှမ်းမှုတွေ ပြုလုပ်နေကြတာဖြစ်ပါတယ်။ အယ်လီဆင်ဟာ ရိုးမားအသင်းနဲ့ ၃ နှစ်စာချုပ်သက်တမ်း ကျန်ရှိနေသေးပြီး ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်က အယ်လီဆင်ကို ယူရို ၈ သန်းနဲ့ ခေါ်ယူခဲ့တဲ့ ရိုးမားအသင်းဥက္ကဌ ပါလော့တာက ရောင်းချမှာမဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။

"ကျွန်တော်တို့ သူ့ကို ရောင်းချဖို့ လုံးဝဆန္ဒမရှိပါဘူး။ လုံးဝပါပဲ"

"ကျွန်တော်တို့ သူ့ကို ခေါ်ယူခဲ့တဲ့အချိန်တုန်းက သူက အရမ်းကို ကောင်းမွန်တဲ့ဂိုးသမားတစ်ယောက်ပဲလို့ တွေးခဲ့မိပါတယ်။ အခုလည်း အဲဒီလို တွေးနေတုန်းပါပဲ။ သူ့ကို ကျွန်တော်တို့ လုံးဝရောင်းချမှာမဟုတ်ပါဘူး"လို့ ပြောကြားခဲ့ပါတယ်။

play

 

ရိုးမားအသင်းဟာ ယမန်နေ့က ၁ ယောက်လျော့နေတဲ့ လာဇီယိုအသင်းကို ဂိုးမရှိသရေကျခဲ့ပြီး အမှတ်ပေးဇယားမှာ အဆင့် ၄ နေရာမှာ ရပ်တည်နေပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD