AD
AD
AD

စပိန်လက်ရွေးစင်အသင်းနဲ့ ရီးရဲမက်ဒရစ်အသင်းရဲ့နည်းပြဟောင်း ဒဲဘော့စ်က လာမယ့် ၂၇ ရက်နေ့မှာ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ တွေ့ဆုံယှဉ်ပြိုင်ရမယ့် ရီးရဲမက်ဒရစ်အသင်းနဲ့ လီဗာပူးအသင်းတို့ရဲ့ပွဲစဉ်မတိုင်မီ ဘယ်လီဗာပူးကစားသမားကမှ ရီးရဲမက်ဒရစ်အသင်းကို ဂိုးသွင်းယူပြီး အနိုင်ရရှိမှာမဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။

play

 

လီဗာပူးအသင်းဟာ ရိုးမားအသင်းကို အနိုင်ယူပြီး ကိဗ်မြို့ကို အရောက်လှမ်းတက်နိုင်ခဲ့သလို ရီးရဲမက်ဒရစ်အသင်းကလည်း ဘိုင်ယန်မြူးနစ်အသင်းကို အနိုင်ယူပြီး ဗိုလ်လုပွဲအဆင့်ကို ၃ နှစ်ဆက်တိုက် တက်ရောက်ခဲ့တာဖြစ်ပါတယ်။ နှစ်သင်းစလုံးဟာ အကောင်းဆုံးပုံစံ ရရှိနေပြီး ရှုံးထွက်အဆင့် ၆ ဆင့်မှာ လီဗာပူးအသင်းက ၁၇ ဂိုးသွင်းယူထားနိုင်ခဲ့ပြီး ရီးရဲမက်ဒရစ်အသင်းက ၁၃ ဂိုး သွင်းယူထားခဲ့တာဖြစ်ပါတယ်။

play

 

လီဗာပူးအသင်းရဲ့တိုက်စစ်မှူး မိုဟာမက်ဆာလာဟာ လီဗာပူးအသင်းကို ချန်ပီယံလိဂ်ဗိုလ်လုပွဲအဆင့်ကို တက်ရောက်နိုင်အောင် အဓိကစွမ်းဆောင်ပေးခဲ့သူဖြစ်ပြီး ချန်ပီယံလိဂ်ပွဲစဉ် ၁၂ ပွဲမှာ ၁၀ ဂိုးသွင်းယူပေးထားပါတယ်။ ဒါပေမယ့် ဒဲဘော့စ်က မိုဟာမက်ဆာလာအနေနဲ့ ရီးရဲမက်ဒရစ်အသင်းကို ဂိုးသွင်းယူနိုင်မယ်လို့ မယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။

play

 

"ရီးရဲမက်ဒရစ်အသင်းမှာ အရမ်းကို ကောင်းမွန်တဲ့ကစားသမားတွေရှိပါတယ်။ ပြီးတော့ အခု ဥရောပမှာ အကောင်းဆုံးအသင်းတစ်သင်းလည်း ဖြစ်ပါတယ်"

"အဲဒီဗိုလ်လုပွဲကစားမယ့် စနေနေ့ကျရင် သူတို့ရဲ့ခြေအမှန်ပေါ်ပါလိမ့်မယ်။ ရီးရဲမက်ဒရစ်က လီဗာပူးကို ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါလိမ့်မယ်"

"ကျွန်တော်ကတော့ ရီးရဲမက်ဒရစ်အသင်းက ကစားသမားတွေထက် ပိုကောင်းမွန်တဲ့ ကစားသမားတစ်ယောက်မှ လီဗာပူးမှာ မတွေ့ဖူးပါဘူး။ မိုဟာမက်ဆာလာလောက်နဲ့တောင် မရပါဘူး"

play

 

"ဘန်ဇီးမားနဲ့ ဘေးလ်တို့က အရမ်းကောင်းမွန်ပါတယ်"

"ဘန်ဇီးမားကလည်း အရမ်းကိုကောင်းမွန်တဲ့ ကစားသမားတစ်ယောက်ပါ။ တစ်ခါတစ်လေမှာ သူ့ကြည့်ရတာ အေးတိအေးစက်နဲ့ပါ။ ဒါပေမယ့် သူ့အနေနဲ့ ထူးခြားတဲ့စွမ်းဆောင်ရည်မျိုး လုပ်ပြနိုင်ပါတယ်။ ခရစ်စတီယာနိုရော်နယ်ဒိုက သူတို့အားလုံးကို ပိုကောင်းမွန်လာအောင် ကူညီပေးပါလိမ့်မယ်"လို့ ပြောကြားခဲ့ပါတယ်။

play

play

 

ဒဲဘော့စ်ဟာ ရီးရဲမက်ဒရစ်အသင်းမှာ ၁၉၆၈ ခုနှစ်ကနေ ၁၉၈၄ ခုနှစ်အထိ ကစားခဲ့ပြီး ပွဲပေါင်း ၄၄၅ ပွဲအထိ ကစားပေးခဲ့ပါတယ်။ ကစားသမားဘဝ အနားယူချိန်မှာလည်း ရီးရဲမက်ဒရစ်အသင်းကို ၃ ကြိမ်အထိ နည်းပြခဲ့ဖူးသူဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD