AD
AD
AD

ယနေ့ည(မြန်မာစံတော်ချိန် ကြာသပတေးနေ့နံနက်)မှာ ယှဉ်ပြိုင်ကစားမယ့် ပီအက်ဂျီအသင်းနဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ပွဲ စဉ်မှာ မိမိအတွက် နောက်ဆုံးပွဲစဉ်မဟုတ်ပါဘူးလို့ ရီးရဲနည်းပြ ဇီဒန်းက ထုတ်ဖော်ပြောခဲ့ပါတယ်။

play

 

ယခုတွေ့ဆုံနေတဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်မှာ ရီးရဲအနေနဲ့ ထပ်မံ အရေးနိမ့်ခဲ့ပါက အသင်းနည်းပြ ဇီဒန်းအနေနဲ့ အသင်းမှ ထွက်ခွာရဖွယ် ရှိနေတယ်လို့ သတင်းထွက်ပေါ်နေတာလည်း ဖြစ်ပါတယ်။

play

 

အကြောင်းရင်းကတော့ ယှဉ်ပြိုင်လျက်ရှိနေတဲ့ လာလီဂါ အမှတ်ပေးဖလားပွဲစဉ်မှာ ထိပ်ဆုံးက ဘာစီလိုနာနဲ့ ၁၇ မှတ်အထိ ကွာဟနေသလို ကို ပါဒယ်ရေး ရှုံးထွက်ပွဲစဉ်မှလည်း ထွက်ခဲ့ရပြီး ဖြစ်တာကြောင့်ဖြစ်ပါတယ်။

ဒါပေမယ့်လည်း နည်းပြဇီဒန်းကတော့-" ဒီပွဲက ကျွန်တော့်ရဲ့ နောက်ဆုံးပွဲမဟုတ်ပါဘူး။ကျွန်တော်တို့ အကောင်းဆုံးကစားပြနိုင်မှာပါ။အကောင်း ဆုံးစွမ်းဆောင်ပြနိုင်မယ်ဆိုရင်တော့ အခွင့်အရေးရှိနေမှာပါ။အနာဂတ်မှာ ဘာဖြစ်မလဲဆိုတာတော့ သေချာမသိနိုင်ပါဘူး။ပြိုင်ပွဲအားလုံးက ကျွန် တော့်အတွက် အရေးကြီးသလို အနာဂတ်လည်းဖြစ်ပါတယ်။ဒီတစ်ပွဲတည်းနဲ့တော့ မဟုတ်ပါဘူး။ပြောနေကြတဲ့စကားတွေကို ကျွန်တော်စိတ်ဝင် စားနေမှာ မဟုတ်သလို ဘယ်သူ့ကိုမှလည်း သက်သေပြနေမှာမဟုတ်ပါဘူး။" လို့ ဇီဒန်းက ပွဲကြို သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

ဒါ့အပြင် ၎င်းနေရာမှာ အစားထိုးဝင်ရောက်ဖွယ်ရှိတယ်လို့ သတင်းထွက်ပေါ်နေခဲ့တဲ့ ရီးရဲ ယူ-၁၈ အသင်းနည်းပြ ကစားဖော်ဟောင်း ဂူတီနဲ့ ပက် သက်ပြီးတော့လည်း-" သူက မက်ဒရစ်အတွက် သင့်တော်မယ့် နည်းပြတစ်ဦးပါ။အခုချိန်မှာတော့ ပြင်ဆင်မှုတွေ လုပ်ထားဖို့ပဲ လိုပါတယ်။" လို့ ပြောခဲ့ပါတယ်။

ယနေ့ညမှာ ကစားမယ့် ပွဲစဉ်အတွက် ရလဒ်ပိုင်းကိုမူ ခန့်မှန်းပြောဆိုခဲ့ခြင်းမရှိပေမယ့်လည်း ဒဏ်ရာကြောင့် အနားယူနေရတဲ့ ညာနောက်ခံလူ ကာဗာဂျယ်နေရမှာ နာချို ဖာနန်ဒက် အစားထိုးကစားဖို့ရှိကြောင်းနှင့် ဂါရတ်ဘေးလ်၊ရော်နယ်ဒိုနဲ့ ဘန်ဇီးမားတို့ ပွဲထွက်ကစားမယ်လို့ ထုတ် ဖော်ပြောထားပါတယ်။

Source- ESPNFC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD