AD
AD
AD

အီတလီစီးရီးအေ ကလပ်အသင်းများဖြစ်တဲ့ ဂျူဗင်တပ်နဲ့ အင်တာမီလန် အသင်းတို့ရဲ့ အဓိက ကစားသမားများဖြစ်ကြတဲ့ ဒိုင်ဘာလာနဲ့ အိုင်ကာ ဒီတို့ နှစ်ဦးစလုံး လာမယ့် ကမ္ဘာ့ဖလား ပြိုင်ပွဲဝင်မယ့် အာဂျင်တီးနားအသင်းလူစာရင်းမှာ ပါဝင်လာဖို့ မသေချာဘူးလို့ နည်းပြ ဆမ်ပါအိုလီက ထုတ်ဖော်ပြောခဲ့ပါတယ်။

play

 

အာဂျင်တီးနားအသင်းအနေနဲ့ အဆိုပါ ကစားသမားနှစ်ဦးစလုံးကို ယခုလအတွင်းကစားမယ့် ခြေစမ်းပွဲများအတွက် အာဂျင်တီးနားအသင်းရဲ့ လူစာရင်းမှာ ထည့်သွင်းခဲ့ခြင်း မပြုခဲ့ပဲ အခြားသော ကစားသမားနှစ်ဦးကို အစားထိုးခေါ်ယူသွားခဲ့တာလည်း ဖြစ်ပါတယ်။

play

 

ဆမ်ပါအိုလီက ထုတ်ဖော်ပြောခဲ့ရာမှာတော့ -" ဒိုင်ဘာလာအနေနဲ့ ကျွန်တ်ာတို့ ကစားဟန်နဲ့ ကိုက်ညီဖို့ လိုပါသေးတယ်။ကျွန်တော်တို့အနေနဲ့ သူ့ရဲ့ ခြေစွမ်းအပေါ် မှတ်ချက်မပေးနိုင်ပါဘူး။အိုင်ကာဒီလည်း ထိုနည်းလည်းကောင်းပါပဲ။"လို့ ဆမ်ပါအိုလီက ပြောခဲ့ပါတယ်။

ဆက်လက်ပြီး ဆမ်ပါအိုလီက ၎င်းရဲ့ အသင်းခေါင်းဆောင်နဲ့ ပတ်သက်ပြီးတော့လည်း -" ၁၉၈၆ ခုနှစ်နောက်ပိုင်း ပထမဆုံး သော အာဂျင်တီး နားအသင်းရဲ့ ကမ္ဘာ့ဖလားကြီးကို ကိုင်မြောက်နိုင်ဖို့ကြိုးပမ်းနေတယ်လို့လည်း ထုတ်ဖော်ပြောခဲ့ပါတယ်။

ဒါ့အပြင် အာဂျင်တီးနားအနေနဲ့ ယခုနှစ် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းစားနေတယ်လို့လည်း ၎င်းက ဆက်လက်သုံးသပ်ခဲ့ပါ သေးတယ်။

Source- Goal.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD