AD
AD
AD

ပြင်သစ်က လာတဲ့ သတင်းများအရ မန်ယူအသင်းဟာ ပီအက်ဂျီအသင်း တိုက်စစ်မှူး နေမာကို ကမ္ဘာ့အံ့အားသင့်ဖွယ် ဈေးနှုန်းတစ်ရပ်နဲ့ ခေါ်ယူ နိုင်ရေး ကမ်းလှမ်းလာတယ်လို့ သိရပါတယ်။

play

 

ယူရို သန်း ၅၀၀(ပေါင် ၄၄၃)သန်း နဲ့ ခေါ်ယူမယ် လို့ သိရပြီး ဒါဟာ ကမ္ဘာပေါ်မှာ လက်ရှိ အမြင့်မားဆုံး အပြောင်းအရွှေ့ဖြစ်ထားတဲ့ နေမာရဲ့ အပြောင်းအရွှေ့ဈေးနှုန်းထက်ပင် အဆပေါင်း ၃ ဆခန့် ပိုမို များပြားနေတာလည်း ဖြစ်ပါတယ်။

အသက် ၂၅ နှစ်သာရှိသေးတဲ့ နေမာဟာ ပြီးခဲ့တဲ့ နွေရာသီဈေးကွက်က ဘာစီလိုနာအသင်းကနေ ပီအက်ဂျီအသင်းကို ပေါင် ၁၉၈ သန်းနဲ့ ပြောင်းရွှေ့ခဲ့တဲ့သူဖြစ်ပါတယ်။

၎င်းကို စပိန် ထိပ်တန်းကလပ် ရီးရဲအသင်းက စပိန်ကို ပြန်ခေါ်ယူနိုင်ဖို့ ကြိုးပမ်းနေခဲ့တာ ဖြစ်ပြီး ယခုအခါ မန်ယူအသင်းကလည်း သတင်းထွက် ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ နေမာရဲ့ ပြောင်းရွှေ့ကြေးဟာ ကမ္ဘာပေါ်မှာ အမြင့်မားဆုံးအပြောင်းအရွှေ့တစ်ရပ်ဖြစ်ပေါ်နေခဲ့ပြီး မန်ယူအသင်က အဆိုပါ ဈေးနဲ့ ခေါ်ယူဖြစ်ခဲ့ပါက ကမ္ဘာ့အံ့ဖွယ် အပြောင်းအရွှေ့လည်း ဖြစ်လာမှာ ဖြစ်ပါတယ်။

play

 

မန်ယူအသင်းအနေနဲ့ နေမာအပြင် အက်သလက်တီကို တိုက်စစ်မှူး ဂရုဇ်မန်းကိုလည်းခေါ်ယူဖို့ ကြိုးပမ်းနေတာဖြစ်ပြီး တစ်ပတ်လုပ်ခ ပေါင် ၃၀၀၀၀၀ နဲ့ သဘောတူညီနိုင်ဖို့ ညှိုနှိုင်းခဲ့ပေမယ့်လည်း ကစားသမားကိုယ်တိုင်က ပေါင် ၄၀၀၀၀၀ လိုချင်နေတယ်လို့ သတင်းထွက်ပေါ်နေ တာကြောင့်လည်း ညှိုနှိုင်းရဖို့ ရှိနေပြန်ပါတယ်။

Source- Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD