AD
AD
AD

ပြီးခဲ့တဲ့အင်္ဂါနေ့ညက ရုရှားအသင်းကို ပြင်သစ်အသင်းက ၃ ဂိုး ၁ ဂိုးနဲ့အနိုင်ရရှိခဲ့တဲ့ပွဲစဉ်အပြီး သတင်းထောက်တွေရဲ့လုပ်ရပ်ကြောင့် ပြင်သစ်လက်ရွေးစင်တိုက်စစ်မှူး ဂီရော့ဒ်အနေနဲ့ စိတ်မထိန်းနိုင်ဘဲ ဒေါသထွက်ခဲ့ရတယ်လို့ သိရပါတယ်။

play

 

ရုရှားအသင်းကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ဂီရော့ဒ်ဟာ ၇၂ မိနစ်မှာ အူ့စ်မန်းဒမ်ဘီလီနေရာမှာ လူစားဝင်ကစားပေးခဲ့ပြီး ဘတ်ပီက ယင်းပွဲစဉ်မှာ ၂ ဂိုးသွင်းယူနိုင်ခဲ့ပြီး ယင်းပွဲစဉ်ရဲ့အကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ ယင်းပွဲစဉ်အပြီးမှာ သတင်းထောက်တွေဟာ ဂီရော့ဒ်ကို ပွဲအပြီးသုံးသပ်ချက်အတွက် အမေးအဖြေပြုလုပ်နေချိန် ဂီရော့ဒ်ရဲ့နောက်ကနေ ဘတ်ပီ ဖြတ်သွားတဲ့အခါမှာ သတင်းထောက်တွေက ဘတ်ပီကို လှမ်းခေါ်ပြီး ကြားဖြတ်မေးမြန်းဖို့ ကြိုးစားခဲ့ပါတယ်။

play

play

 

သတင်းထောက်တွေကို ယင်းလုပ်ရပ်ကြောင့် ဂီရော့ဒ်က 'ခင်ဗျား သူ့ကို မေးချင်တာမလား။ အဲဒါဆိုလည်း သွားမေးလေ'လို့ ပြောကြားခဲ့ပြီး လှည့်ထွက်သွားတော့မှ သတင်းထောက်တွေက အလျင်အမြန် ပြန်တောင်းပန်ခဲ့တာကြောင့် ဂီရော့ဒ်အနေနဲ့ စိတ်လျှော့ပြီး အင်တာဗျူးဆက်လက်ပြုလုပ်ခဲ့တာကို တွေ့ရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD