ယနေ့ နံနက်ပိုင်းက ကစားခဲ့တဲ့ ဂျူဗင်တပ်အသင်းနဲ့ စပါးအသင်းတို့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ရှုံးထွက် ပထမအကျော့ ပွဲစဉ်မှာတော့ တစ်ဖက် နှစ်ဂိုးစီ သရေရလဒ်ထွက်ပေါ်ခဲ့ပါတယ်။

play

 

ဂျူဗင်တပ်အသင်းအနေနဲ့ ယခုပွဲစဉ်မှာ တိုက်စစ်မှူး ဟီဂူအင်ရဲ့ ဦးဆောင်ဂိုးနှစ်ဂိုးနဲ့ ဦးဆောင်ထားနိုင်ခဲ့ပေမယ့်လည်း စပါးအသင်းရဲ့ နောက်ကျ ချေပဂိုးတွေကြောင့် သရေရလဒ်နဲ့သာ ကျေနပ်ခဲ့ရတာဖြစ်ပါတယ်။

play

 

ပွဲအစ ၂ မိနစ်မှာပင် ဟီဂူအင်က ပီဂျာနစ်ရဲ့ ဖန်တီးပေးမှုကနေ အဖွင့်ဂိုးစတင်သွင်းယူနိုင်ခဲ့ပါတယ်။မကြာခင်မှာပဲ ပင်နယ်တီ ပြစ်ဒဏ်ဘော ထပ် မံရရှိခဲ့ပြီး ဟီဂူအင်ကပဲ အမှားအယွင်းမရှိ ကန်သွင်းကာ ဂျူဗင်တပ်ကို ၂-၀ ဂိုးနဲ့ ဦးဆောင်စေခဲ့ပါတယ်။

play

 

ဦးဆောင်ဂိုးနှစ်ဂိုးပေးလိုက်ရတာကြောင့်စပါးအသင်း အနည်းငယ်ကစားအားပြန်တင်ခဲ့ပြီး ပွဲချိန် ၃၅ မိနစ်မှာတော့ စပါးတိုက်စစ်မှူး ကိန်းက စံချိန်တင်စေမယ့် သွင်းဂိုးနဲ့အတူ စပါးကို မျှော်လင့်ချက် ရှင်သန်စေခဲ့ပါတယ်။

play

 

စပါးအတွက် အဓိက ကံကောင်းစေတာကတော့ ဒုတိမြောက် ပင်နယ်တီ ပြစ်ဒဏ်ဘောကို ဟီဂူအင်လွဲချော်ခဲ့တာဖြစ်ပြီး ဒီသွင်းဂိုးလွဲချော်ခဲ့ တာဟာ စပါးအတွက် ကံကောင်းခဲ့ပေမယ့် ဂျူဗင်တပ်အတွက်တော့ အင်မတန်နစ်နာခဲ့ရပါတယ်။

အဲ့နောက် စပါးအသင်းက ပြစ်ဒဏ်ဘောများ ဆက်တိုက်ရခဲ့ပြီး ကွင်းလယ်ကစားသမားအဲရစ်ဆင်ကန်သွင်းယူရာမှာတော့ ဂျူဗင်တပ်ဂိုးသမား ဘူဖွန် လက်စွမ်းပြနေခဲ့လို့ ဂျူဗင်တပ်အသင်း သက်သာရာ ရနေခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ပွဲချိန် ၇၁ မိနစ်မှာတော့ စပါး ကွင်းလယ်လူ အဲရစ်ဆင်ရဲ့ ပါးပါးနပ်နပ် အနိမ့်ဘောကန်သွင်းတဲ့ အလွတ်တည်ကန်ဘောကိုတော့ ၀ါရင့်ဂိုးသမားကြီးဘူဖွန် ဘယ်လိုမှ ကာကွယ်နိုင်စွမ်းမရှိတော့ပဲ ဂိုးခွင့်ပြုလိုက်ရပါတော့တယ်။

ပွဲအပြီးမှာတော့ တစ်ဖက် ၂ ဂိုးစီနဲ့ သရေပွဲ ဖြစ်ပေါ်ခဲ့ကာ ဒုတိယအကျော့ အဖြစ် စပါးအသင်းရဲ့ အိမ်ကွင်း ၀င်ဘလေမှာ လာမယ့် မတ်လ ၈ ရက်နေ့မှာ ပြန်ကစားရမှာ ဖြစ်ပါတယ်။

ဒီပွဲမှာ တစ်ဂိုးသွင်းယူနိုင်ခဲ့တဲ့ စပါးတိုက်စစ်မှူး ဟယ်ရီကိန်းဟာ ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် ကစားထားတဲ့ နောက်ဆုံး ၉ ပွဲမှာ ၉ ဂိုးသွင်း ယူနိုင်ခဲ့တဲ့ ပထမဆုံး ကစားသမားဖြစ်လာခဲ့ပြီး ဒီစံချိန်ဟာ ရော်နယ်ဒို၊အင်ဇာဂီဒရော့ဘာနဲ့ ကော်စတာတို့ရဲ့ (၈)ဂိုးစီ သွင်းယူထားတဲ့ စံချိန်ကို ကျော်လွန်ခဲ့တာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် တစ်နှစ်တည်းမှာ ကစားတဲ့ ချန်ပီယံလိဂ် ၇ ပွဲဆက်တိုက် ၇ ဂိုးသွင်းယူနိုင်သူဖြစ်လာခဲ့ပြီး ဒီစံချိန်ကတော့ ၂၀၀၈-၀၉ ချန်ပီယံလိဂ် ပြိုင် ပွဲမှာတုန်းက လီဗာပူး အသင်းခေါင်းဆောင် စတီဗင်ဂျာရတ်ရဲ့ စံချိန်နဲ့ တူညီခဲ့တာလည်း ဖြစ်ပါတယ်။

Source- Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video