AD
AD
AD

စပိန်ကလာတဲ့ သတင်းတစ်ရပ်အရ ဘိုင်ယန်မြူးနစ် တိုက်စစ်မှူး လီဝန်ဒေါစကီးအနေနဲ့ ရီးရဲမက်ဒရစ်အသင်းကို ပြောင်းရွှေ့ဖို့ ပုဂ္ဂိုလ်ရေး သ ဘောတူညီမှု ရရှိထားပြီလို့ သိရပါတယ်။

play

 

လီဝန်ဒေါစကီးကို ချဲလ်ဆီးနဲ့ မန်ယူအသင်းတို့ကလည်း စိတ်ဝင်စားနေပြီး ရီးရဲက လက်ဦးမှု ရယူသွားတာလည်း ဖြစ်ပါတယ်။

play

 

လီဝန်ဒေါစကီးရဲ့ အေးဂျင့်ဖြစ်သူက-" ရီးရဲအသင်းတာဝန်ရှိသူများနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပြီး ဖြစ်ကြောင်းနှင့် လီဝန်ဒေါစကီးအနေနဲ့ ရီးရဲနဲ့ ၂ နှစ်သက်တမ်းရှိ စာချုပ်တစ်ရပ် ချုပ်ဆိုသွားဖို့ရှိတယ်လို့လည်းသိရပါတယ်။

လီဝန်ဒေါစကီးရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး ဘိုင်ယန်မြူးနစ်အသင်းဖက်က တစ်စုံတစ်ရာ ထုတ်ဖော်ပြောလာခြင်းတော့ မရှိသေးပဲ လက်ရှိ မှာ လီဝန်အနေနဲ့ အသင်းအတွက်ပြိုင်ပွဲစုံ ၁၈၄ ပွဲမှာ ၁၄၂ဂိုးသွင်းယူပေးထားတာလည်း ဖြစ်ပါတယ်။

လီဝန်ဒေါစကီးမှာ ဂျာမနီမှာ ၈ နှစ်ကြားကစားခဲ့သူဖြစ်ပြီး အမှတ်ပေးဖလား ၅ ကြိမ်အထိ ဆွတ်ခူးထားနိုင်ခဲ့ပါတယ်။

လက်ရှိမှာ အသက် ၂၉ နှစ်အရွယ်ရှိနေပြီဖြစ်ပြီး စိန်ခေါ်မှုအသစ်တွေကို ရယူချင်တာကြောင့် ရီးရဲကို ပြောင်းရွှေ့ချင်တာလို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

လီဝန်ဒေါစကီးကို အသင်းမှ ဘန်ဇီးမားနေရာမှာ အစားထိုးဖို့ ခေါ်ယူချင်နေတာလို့ သိရပေမယ့် လီဝန်မှာ ဘိုင်ယန်နဲ့ ၂၀၂၁ ခုနှစ်အထိ စာချုပ် သက်တမ်း ကျန်ရှိနေသေးတယ်လို့လည်း သိရပါတယ်။

Source- Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD