AD
AD
AD

စပိန်လက်ရွေးစင်အသင်းမှာ ရွေးချယ်ခံထားရတဲ့ ဒေးဗစ်ဆေးလ်ဗားအနေနဲ့ ဂျာမနီနဲ့ တစ်ဖက် တစ်ဂိုးစီ သရေကျခဲ့တဲ့ ပွဲမှာ ပွဲထွက်ကစားသ မားအဖြစ် ပါဝင်ကစားခဲ့တဲ့ ဒေးဗစ်ဆေးလ်ဗားအနေနဲ့ ပွဲအပြီးမှာတော့ လက်ကျန် ခြေစမ်းပွဲတစ်ပွဲအလိုမှာပင် ခွင့်ယူသွားခဲ့တယ်လို့ သိရပါ တယ်။

play

 

စပိန်အသင်းအနေနဲ့ ၂၀၁၈ ကမ္ဘာ့ဖလားဝင်ခွင့်ရရှိထားပြီး ခြေစမ်းပွဲများအဖြစ် ယခုတစ်ပတ်အတွင်း ဂျာမနီ၊အာဂျင်တီးနားအသင်းတို့နဲ့ ခြေစမ်း ကစားမှာ ဖြစ်ပါတယ်။

play

 

ဒါပေမယ့်လည်း လက်ကျန် အာဂျင်တီးနားအသင်းနဲ့ ခြေစမ်းပွဲမတိုင်မီမှာပင် အသင်းရဲ့ အဓိက ကစားသမား ဒေးဗစ်ဆေးလ်ဗားအနေနဲ့ ခွင့်ယူ ပြီး ပြန်သွားခဲ့တယ်လို့ သိရပါတယ်။

အကြောင်းကတော့ သူ့ရဲ့ ကလေးအနေနဲ့ မွေးမွေးချင်းမှာပင် ဆေးကုသမှု ခံယူနေရတာကြောင့်လို့ စပိန်မီဒီယာတွေက သတင်းထုတ်ပြန် ထား ပါတယ်။

ဆေးလ်ဗားအနေနဲ့ ၎င်းရဲ့ ကလေးငယ်ကြောင့် မိခင်ကလပ် မန်စီးတီးအသင်းနဲ့အတူလည်း ပွဲစဉ်အချို့ကို ပျက်ကွက်ထားခဲ့ရတယ်လို့ သိရပါ တယ်။

လက်ရှိမှာတော့ စပိန်အသင်းအနေနဲ့ အာဂျင်တီးနားအသင်းနဲ့ပွဲစဉ်အတွက် ပြင်ဆင်နေပြီး လာမယ့် အင်္ဂါနေ့မှာ ခြေစမ်းပွဲ အဖြစ် ကစားသွားမှာ လည်း ဖြစ်ပါတယ်။

ဆက်လက်ပြီး ဇွန်လ ၃ရက်နေ့မှာ ဆွစ်ဇာလန်အသင်းနဲ့လည်းကောင်း၊ ၉ ရက်နေ့မှာ တူနီးရှားအသင်းနဲ့လည်းကောင်း၊ ယှဉ်ပြိုင်ကစားအပြီး မှာတော့ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကို ၀င်ရောက်ယှဉ်ပြုင်မှာလည်း ဖြစ်ပါတယ်။

Source- Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD