play

 

ယနေ့နံနက် ၂ နာရီ ၁၅ မိနစ်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ကမ္ဘာ့ဖလားဝင်ခွင့် Play-off ပွဲစဉ် ဆွီဒင်အသင်းနဲ့ အီတလီအသင်းတို့ရဲ့ပွဲစဉ်မှာ ဆွီဒင်အသင်းက နှစ်ကျော့ပေါင်း ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိပြီး ၂၀၁၈ ကမ္ဘာ့ဖလားကို ဝင်ခွင့်ရခဲ့ပါတယ်။

play

 

အီတလီအသင်းကတော့ အရည်အသွေးမပြည့်မီတဲ့ တိုက်စစ်၊ ကစားကွက်မရှိဘဲ ကြုံသလိုပေးတဲ့ ကွင်းလယ်ကစားသမားတွေကြောင့် ၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲကျရှုံးခဲ့သလို အရည်အသွေးမြင့် ဝါရင့်ကစားသမားတွေကိုပါ ဆုံးရှုံးခဲ့ရပါတယ်။

play

 

ဆွီဒင်အသင်းကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အပြီး အင်တာဗျူးမှာ အီတလီအသင်းရဲ့ဝါရင့်ဂိုးသမားကြီး ဘူဖွန်အနေနဲ့ ဟန်မဆောင်နိုင်ဘဲ ငိုကြွေးခဲ့တာကို တွေ့ခဲ့ရပြီး လက်ရွေးစင်ကစားသမားဘဝကနေ အနားယူပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

play

 

ဘူဖွန်နဲ့အလားတူ လက်ရွေးစင်ကစားသမားဘဝကနေ အနားယူပြီဖြစ်ကြောင်း ချီရယ်လီနီ၊ ဘာဇာဂလီနဲ့ ဒီရော့ဆီတို့ကလည်း ကြေညာခဲ့ပါတယ်။ အီတလီအသင်းအနေနဲ့ ကမ္ဘာ့ဖလားဝင်ခွင့်မရခဲ့တဲ့အပြင် ဝါရင့်ကစားသမားကောင်းတွေကိုပါ ဆုံးရှုံးခဲ့ရတဲ့အတွက် အီတလီပရိသတ်တွေအတွက် ဆွီဒင်အသင်းနဲ့ကစားခဲ့တဲ့ Play-off ပွဲစဉ်ဟာ အရင်းအနှီးကြီးမားတဲ့ပွဲစဉ်တစ်ပွဲ ဖြစ်ခဲ့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။

Photos: Independent

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video