AD
AD
AD

ကမ္ဘာ့အကောင်းဆုံး ကစားသမားတစ်ယောက်နဲ့ တွဲဖက်ကစားခွင့်ရတဲ့ အခွင့်အရေးက ကစားသမားတစ်ယောက်အတွက် ကြီးမားတဲ့ အခွင့်အ လမ်းတစ်ရပ် ဖြစ်ပါတယ်။

ဒီထဲကမှ ကမ္ဘာ့အကောင်းဆုံးလို့ အများဆုံ ယှဉ်တွဲသတ်မှတ်ထားတဲ့ ရော်နယ်ဒိုနဲ့ မက်ဆီတို့ နှစ်ဦးစလုံးနဲ့ ဘောလုံးအတူ ကစားခွင့်ရတဲ့ အခွင့် အရေးက ပိုမို ကောင်းမွန်နေမှာပါ။

သူတို့ နှစ်ယောက်စလုံးနဲ့ ဘောလုံးအတူ ကစားခွင့်ရခဲ့တဲ့ ကစားသမား (၅)ဦးကတော့ အခြားသော ကစားသမားတွထက် နှာတစ်ဖျား အခွင့် အရေးပိုရရှိခဲ့တယ်လို့ သတ်မှတ်ရမှာ ဖြစ်ပါတယ်။

play

 

(၅) အန်ဒရေ ဂိုးမက်စ်
---------------------

ဘာစီလိုနာအသင်းမှာ ကစားနေတဲ့ အန်ဒေရ ဂိုမက်စ်ကတော့ အခြားသော ကစားသမားတွေထက် အနည်းငယ် ပိုကံကောင်းတဲ့ သူလို့ ဆိုရ မှာ ဖြစ်ပါတယ်။

ဂိုမက်စ်ဟာ ပထမဆုံး ရော်နယ်ဒိုနဲ့ တွဲဖက်ကစားခွင့်ရခဲ့တဲ့ ပွဲကတော့ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလကက ပေါ်တူဂီနဲ့ အီကွေဒေါအသင်းတို့ရဲ့ ခြေ စမ်းပွဲစဉ်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် ရော်နယ်ဒိုနဲ့အတူတူ အောင်ပွဲအတူ ခံနိုင်ခဲ့သူလည်း ဖြစ်ပြီး ၂၀၁၆ ခုနှစ် ယူရိုဖလားကို ပေါ်တူဂီအသင်းနဲ့အတူ ရယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

အခြားတစ်ဖက်မှာလည်း ဗလင်စီယာအသင်းကနေ ဘာစီလိုနာအသင်းကို ပြောင်းရွှေ့ကြေး ပေါင် ၃၂ သန်းနဲ့ ရောက်ရှိလာပြီးနောက် နောက် ထပ် ကမ္ဘာ့အကောင်းဆုံး ကစားသမားတစ်ဦးနဲ့ ထပ်မံ အတူတကွ ကစားခွင့်ရခဲ့ပြန်တာလည်းဖြစ်ပါတယ်။

မနှစ်က ကိုပါဒယ်ရေးကို ဘာစီလိုနာနဲ့အတူ ရယူခဲ့စဉ်က အသင်းအတွက် အဓိက ကစားသမားတစ်ဦးဖြစ်ခဲ့ပြီး ကမ္ဘာကျော် နှစ်ဦးစလုံးနဲ့ ဆုဖ လားတွေ ရယူထားနိုင်သူလည်း ဖြစ်ပါတယ်။

play

 

(၄) ဒေကို
-----------

ဘာစီလိုနာအသင်းရဲ့ ကစားသမားဟောင်းတစ်ဦးဖြစ်ပြီး ပေါ်တူဂီနိုင်ငံသား ဒေကိုဟာ သူ့ရဲ့ အချိန်အတော်များများကို ဘာစီလိုနာမှာကုန်ဆုံး ခဲ့တာ ဖြစ်ပါတယ်။

ဘာစီလိုနာအသင်းရဲ့ ကစားကွက်တွေမှာ ဒေကိုဟာ မက်ဆီနဲ့ ယှဉ်တွဲပြီး ကစားခဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ ဘာစီလို နာက အခြားသော ကစားသမားတွေ ဖြစ်တဲ့ ရော်နယ်ဒင်ဟို၊အီတိုး၊လာဆင်တို့နဲ့ တွဲဖက်ပြီး အကောင်းဆုံးကစားနိုင်ခဲ့ကြတာလည်း ဖြစ်ပါတယ်။

၂၀၀၈ ခုနှစ်မှာတော့ ဒေကိုဟာ ချဲလ်ဆီးအသင်းကို ပြောင်းရွှေ့သွားခဲ့ပါတယ်။အဲ့ဒီမတိုင်မီမှာတော့ ဒေကိုဟာ ဘာစီလိုနာမှာ မက်ဆီနဲ့အတူတူ လာလီဂါ ဆုဖလားတွေ အပါအ၀င် ဥရောပ ချန်ပီယံလိဂ်ကိုပါ အတူတကွ ကိုင်မြောက်နိုင်ခဲ့ပါတယ်။

ဒေကိုဟာပေါ်တူဂီလက်ရွေးစင်အဖြစ် ၂၀၁၀ ခုနှစ်အထိ ကစားခဲ့ပြီး ရော်နယ်ဒိုနဲ့အတူ နိုင်ငံတကာ ပွဲပေါင်းများစွာကိုလည်း ဆင်နွှဲဖူးသူဖြစ်ပါ တယ်။ ဒါပေမယ့်တော့ ရော်နယ်ဒိုနဲ့အတူတူ ဆုဖလားတွေတော့ ကိုင်မြှောက်နိုင်ခြင်းမရှိခဲ့ပါဘူး။

play

 

(၃) ဂွန်ဇာလို ဟီဂူအင်
----------------------

လက်ရှိ ဂျူဗင်တပ်အသင်းမှာကစားနေတဲ့ အာဂျင်တိုင်းသားကြီး ဟီဂူအင်ကတော့ ဂျူဗင်တပ်အသင်း မတိုင်မီ ရီးရဲမက်ဒရစ်အသင်းမှာ ကစားခဲ့ သူဖြစ်ပါတယ်။

ရော်နယ်ဒိုနဲ့အတူ ၂၀၀၉ ခုနှစ်ကတည်းက ရီးရဲမှာ စတင်လက်တွဲခဲ့သူဖြစ်ပြီး ဆုဖလားပေါင်းများစွာကိုလည်း ပိုင်ဆိုင်ထားနိုင်ခဲ့သူ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း အာဂျင်တီးနားအသင်းမှာတော့ မက်ဆီနဲ့အတူ တွဲဖက်ကစားမှုကိုတော့ ရော်နယ်ဒိုထက် နောက်ကျပြီးမှ တွဲဖက်ကစားခွင့်ရခဲ့တာလည်း ဖြစ်ပါတယ်။

သူ့အနေနဲ့ ရီးရဲက ထွက်ခွာသွားတဲ့ ၂၀၁၃ ခုနှစ်နောက်ပိုင်း ရော်နယ်ဒိုနဲ့ အဆက်အသွယ်ပြတ်ခဲ့ပေမယ့်လည်း နိုင်ငံကစားဖော် မက်ဆီနဲ့တော့ ယနေ့ အချိန်ထိ အဆက်အသွယ်ရှိနေပြီး အတူတကွ တွဲဖက်ကစားနေဆဲ ဖြစ်ပါတယ်။

play

 

(၂) အိန်ဂျယ် ဒီမာရီယာ
------------------------

အာဂျင်တီးနားအသင်း လက်ရွေးစင် ဖြစ်မလာခင်ကတည်းက ဒီမာရီယာနဲ့ မက်ဆီတို့က တွဲဖက်တွေပါ။၂၀၀၇ မှာ ကျင်းပခဲ့တဲ့ ဖီဖာ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲကနေ အတူတကွ ထွက်ပေါ်လာခဲ့တဲ့ ကစားသမားနှစ်ဦးလည်း ဖြစ်ပါတယ်။

အဲ့နောက် ၂၀၀၈ အိုလံပစ် ပြိုင်ပွဲမှာလည်း အတူတကွ ဆက်လက်ကစားခဲ့ကြပြီးနောက် ဥရောပ ဘောလုံးဇာတ်ခုံပေါ်ကို အတူတကွ တက် ရောက်ခဲ့ကြတာ ဖြစ်ပါတယ်။

ဒီမာရီယာကတော့ ရီးရဲမက်ဒရစ်အသင်းကို ရောက်ရှိခဲ့ချိန်မှာ မက်ဆီက ဘာစီလိုနာမှာသာ ဆက်လက်ကစားနေတာဖြစ်ပါတယ်။

အဲ့နောက် ဒီမာရီယာဟာ ရော်နယ်ဒိုနဲ့အတူ ရီးရဲမက်ဒရစ်အသင်းမှာ ၂၀၁၀ ခုနှစ် ကပထမဆုံး တွဲဖက်ကစားခဲ့သူလည်း ဖြစ်ပါတယ်။အဲ့အချိန်တုန်းက ၎င်းတို့ အတူကစားခဲ့တဲ့ ပွဲစဉ်က မက္ကဆီကန် ကလပ် အသင်းတစ်သင်းဖြစ်ပြီး အမေရိကန်မှာ ကစားခဲ့ကြတာလည်း ဖြစ်ပါတယ်။ ရော်နယ်ဒိုနဲ့ အတူ ၂၀၁၄ ချန်ပီယံလိဂ် ဆုဖလားအပါအ၀င် အခြားသော ဆုဖလားပေါင်းများစွာကို ရီးရဲမှာ ဆွတ်ခူးခဲ့သူလည်း ဖြစ်ပါတယ်။

play

 

(၁) ဂျရတ်ပီကေး
-----------------

ပီကေးကတော့ အခြားကစားသမား ၄ ဦးထက် အနည်းငယ်ထူးခြားပါတယ်။အကြောင်းကတော့ အခြားကစားသမား ၄ဦးက တစ်ဦးကို ကလပ် အသင်းနဲ့ တွဲကစားဖူးရင် နောက်တစ်ဦးကို နိုင်ငံအသင်းနဲ့ တွဲကစားဖူးတာပဲ ရှိခဲ့တာ ဖြစ်ပါတယ်။

ပီကေးကတော့ နှစ်ဦးစလုံးကို ကလပ်အသင်းတွေနဲ့ အတူ တွဲကစားခဲ့ဖူးတာလည်း ဖြစ်ပါတယ်။ ပီကေးက မက်ဆီလိုပဲ ဘာစီလိုနာ အကယ်ဒမီ ထွက် ကစားသမားတစ်ဦးဖြစ်ပါတယ်။ ၂၀၀၄ ခုနှစ်မှာ မန်ယူအသင်းကိုရောက်ရှိခဲ့ပြီး ၂၀၀၈ မှာတော့ ဘာစီလိုနာကို ပြန်သွားခဲ့ပါတယ်။

ပီကေး မန်ယူအသင်းမှာ ရှိနေစဉ်က ရော်နယ်ဒိုကလည်း မန်ယူအသင်းမှာသာ ရှိနေသေးတာလည်း ဖြစ်ပါတယ်။ အဲ့အချိန်တုန်းက မန်ယူနည်းပြ ဖာဂူဆန်လက်အောက်မှာ ပီကေးအနေနဲ့ ရော်နယ်ဒိုနဲ့အတူ တွဲကစားခဲ့ဖူးပြီး ၂၀၀၇ခုနှစ်မှာတော့ ချန်ပီယံလိဂ် ဖလားအပါအ၀င် အခြားသော ဆုဖလားတွေကိုလည်း ရရှိခဲ့တာဖြစ်ပါတယ်။ ထိုစဉ်ကတော့ ရော်နယ်ဒိုက ကမ္ဘာ့အကောင်းဆုံးကစားသမား အဖြစ် သတ်မှတ်ခြင်း မခံရသေးပါ ဘူး။
အဲ့နောက် ၂၀၀၈ ခုနှစ်မှာ ဘာစီလိုနာကို ပီကေးပြန်လာခဲ့ပြီးနောက် ဘာစီလိုနာမှာ မက်ဆီက လျှမ်းလျှမ်းတောက် ဖြစ်နေပြီး ၎င်းကို ဆုဖလား ပေါင်းများစွာ ပိုင်ဆိုင်နေစခဲ့ပြန်တာဒီကနေ့ အထိပါပဲ။

Source- Sportskeeda

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD