AD
AD
AD

ယမန်နေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ အူဒီးနီးစ်အသင်းနဲ့ လာဇီယိုအသင်းတို့ရဲ့ပွဲစဉ်မှာ လာဇီယိုအသင်းက ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး ယင်းပွဲစဉ်မှာ အူဒီးနီးစ်အသင်းရဲ့ကစားသမားတွေဟာ ပရိသတ်တွေကို အံ့အားသင့်အောင် လုပ်ခဲ့ကြပါတယ်။

play

 

အူဒီးနီးစ်အသင်းရဲ့ ပွဲထွက်ကစားသမား ၁၁ ယောက်စလုံးဟာ မတူညီတဲ့ အူဒီးနီးစ်အသင်းရဲ့ ပြီးခဲ့တဲ့ ၁၁ ရာသီက ဝတ်စုံကို ဝတ်ဆင်ခဲ့ကြပြီး ယင်းဝတ်စုံတွေကို ရန်ပုံငွေရရှိဖို့အတွက် လေလံတင်မရောင်းချမီမှာ အူဒီးနီးစ်အသင်းကစားသမားတွေက ဝတ်ဆင်ကစားခဲ့တာဖြစ်ပါတယ်။ အူဒီးနီးစ်အသင်းအတွက် ကယ်ဗင်လာဆက်ဂ်နာက ၁၃ မိနစ်မှာ အဖွင့်ဂိုး သွင်းယူပေးခဲ့ပြီး ၂၆ မိနစ်နဲ့ ၃၇ မိနစ်တို့မှာ လာဇီယိုအသင်းအတွက် ချေပဂိုးနဲ့ အနိုင်ဂိုးတွေကို အင်မိုဘိုင်းနဲ့ လူးဝစ်အယ်ဘာတိုတို့ကို သွင်းယူပေးခဲ့ပါတယ်။

play

 

အူဒီးနီးစ်အသင်းက ယင်းကဲ့သို့ မတူညီတဲ့ ဝတ်စုံ ၁၁ စုံကို ကစားသမား ၁၁ ယောက်ကို ဝတ်ဆင်စေခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး အူဒီးနီးစ်အသင်းဟာ လာဇီယိုအသင်းကို ရှုံးနိမ့်ခဲ့တဲ့အတွက် တန်းဆင်းဇုန်ရဲ့အထက် ၆ မှတ်အကွာ အဆင့် ၁၃ နေရာမှာရပ်တည်နေပါတယ်။

Source & Photos: BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD