AD
AD
AD

ရီးရဲမက်ဒရစ်အသင်းဟာ ယမန်နေ့က နည်းပြရာထူးကနေ ရုတ်တရက်နှုတ်ထွက်သွားတဲ့ ဇီဒန်းရဲ့နေရာမှာ တော့တင်ဟမ်ဟော့စပါးအသင်းရဲ့ နည်းပြ ပေါ့ချက်တီနိုကို ခန့်အပ်လိုနေပြီး စပါးအသင်းဥက္ကဌ လီဗိုင်းနဲ့ ထိပ်တိုက်ရင်ဆိုင်ရဖွယ်ရှိနေပါတယ်။

play

 

ရီးရဲမက်ဒရစ်အသင်းကို ၃ နှစ်ဆက်တိုက် ချန်ပီယံလိဂ်ဖလားကို ရရှိအောင် စွမ်းဆောင်ပေးပြီး ၅ ရက်အကြာမှာ အံ့အားသင့်ဖွယ် နည်းပြရာထူးကနေ နှုတ်ထွက်သွားခဲ့တဲ့ ဇီဒန်းကြောင့် ရီးရဲမက်ဒရစ်ပရိသတ်တွေသာမက ဘောလုံးလောကတစ်ခုလုံး ဂယက်ရိုက်သွားခဲ့ပါတယ်။ တိုက်ဆိုင်စွာနဲ့ပဲ စပါးအသင်းရဲ့နည်းပြ ပေါ့ချက်တီနိုဟာ ယနေ့မှာ ပြုလုပ်မယ့် သူ့ရဲ့စာအုပ်မိတ်ဆက်ပွဲအတွက် စပိန်နိုင်ငံကို ရောက်ရှိနေပြီး စပါးအသင်းဥက္ကဌလီဗိုင်းကတော့ ပေါ့ချက်တီနို ပြန်အလာကို စိတ်ပူပင်စွာနဲ့ စောင့်မျှော်နေရပြီဖြစ်ပါတယ်။

play

 

အသက် ၄၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ပေါ့ချက်တီနိုဟာ ပြီးခဲ့တဲ့အပတ်ကပဲ တော့တင်ဟမ်ဟော့စပါးအသင်းနဲ့အတူ ၅ နှစ်သက်တမ်း စာချုပ်သစ်ကို ချုပ်ဆိုခဲ့သူဖြစ်ပြီး စပါးအသင်းက ပေါ့ချက်တီနိုရဲ့စာချုပ်ထဲမှာ အသင်းကနေ ထွက်ခွာခွင့်မပါရှိကြောင်း ပြောကြားထားပါတယ်။ ပေါ့ချက်တီနိုဟာ ရီးရဲမက်ဒရစ်အသင်းကို တစ်နေ့မှာ နည်းပြချင်တယ်လို့ ပြောကြားခဲ့ဖူးပြီး စပါးအသင်းက လက်ရှိအချိန်မှာ ရီးရဲမက်ဒရစ်နည်းပြ ရာထူးဟာ သေချာရေရာခြင်းမရှိဘူးလို့ ယုံကြည်နေပြီး ပေါ့ချက်တီနိုအတွက် အချိန်ကောင်းမဟုတ်သေးကြောင်း ကိုယ်တိုင် သတိပြုမိလိမ့်မယ်လို့ မျှော်လင့်နေတာဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD