AD
AD
AD

ယနေ့ည( မြန်မာစံတော်ချိန် ဗုဒ္ဓဟူးနေ့ နံနက်)မှာ ကစားမယ့် မန်ယူနဲ့ ဆီဗီလာ၊ ရိုးမားနဲ့ ရှက်တာဒိုးနက်အသင်းတွေနဲ့ ပတ်သက်တဲ့ ပွဲကြို သုံး သပ်ချက်တွေကို အားကစား သုံးသပ်သူ(ယခင်လီဗာပူး ကစားသမားဟောင်း)မိုက်ကယ်အိုဝင်က သုံးသပ်ပြောထားတာ ဖြစ်ပါတယ်။

play

 

မန်ယူ - ဆီဗီလာ( ပထမအကျော့ ၀-၀)
--------------------------------------

မန်ယူအသင်းက နောက်ဆုံးကစားထားတဲ့ ချန်ပီယံလိဂ် အိမ်ကွင်း ၉ ပွဲဆက်မှာ ရှုံးပွဲတစ်ပွဲတည်းသာရှိထားပြီး ၂၀၁၃ ခုနှစ်က ရီးရဲအသင်းကို ရှုံး နိမ့်ခဲ့တာ ဖြစ်ပါတယ်။ စပိန်ပြိုင်ဘက်ကို ရှုံးနိမ့်ခဲ့တာ ဖြစ်ပေမယ့်လည်းဒီတစ်ကြိမ်တော့ မန်ယူအသင်း ကွာတားဖိုင်နယ်တက်ရောက်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။

စပိန်ကလပ်တွေနဲ့ ကစားထားခဲ့တဲ့ နောက်ဆုံး ၁၅ ပွဲမှာ မန်ယူအသင်းက ၇ ဂိုးသာ သွင်းယူထားနိုင်တဲ့ စံချိန်နဲ့ အင်္ဂလန်မြေမှာ တစ်ခါမှ မနိုင်ဖူး တဲ့ ဆီဗီလာတို့ရဲ့ မှတ်တမ်းတွေက ကျွန်တာ့်ကို တွေဝေစေပါတယ်။ဆီဗီလာအသင်းက နောက်ဆုံးကစားထားတဲ့ အင်္ဂလန်မြေပွဲကတော့ ယခုနှစ် အုပ်စုတွင်းက လီဗာပူးကို အန်ဖီးလ်မှာ ၂-၂ ဂိုး သရေကျခဲ့တဲ့ ပွဲ ဖြစ်ပါတယ်။

ဒါကြောင့် ဒီပွဲမှာ မန်ယူ ကွာတားဖိုင်နယ်တက်ဖို့ လမ်းမြင်ပေမယ့် နှစ်ဖက်သွင်းဂိုးတွေကိုတောာ့ များများ မြင်တွေ့ရမယ်လို့ မထင်ပါဘူး။မန်ယူ နိုင်ရင်လည်း ကပ်ပြီးပဲ နိုင်မယ်လို့ ထင်ပါတယ်။

play

 

ရိုးမား - ရှက်တာဒိုးနက် (ပထမအကျော့ ၁-၂ )
----------------------------------------------

၂-၁ ဂိုးဆိုတဲ့ ရလဒ်က ဒုတိယအကျော့မှာ ဘာမဆို ဖြစ်သွားနိုင်ပါတယ်။ဒီပွဲစဉ်ကတော့ခန့်မှန်းရ အရမ်းခက်ပါတယ်။၅၂ ရာခိုင်နှုန်းသော အသင်းတွေက ချန်ပီယံလိဂ် ရှုံးထွက်အဆင့်တွေမှာ ၂-၁ ဂိုးနဲ့ ရှုံးထားပေမယ့် ဒုအကျော့မှာ ပြန်လာနိုင်တာကို တွေ့ရပါတယ်။

ရိုးမားက နောက်ဆုံး ကစားထားတဲ့ ချန်ပီယံလိဂ် အိမ်ကွင်း ၃ ပွဲမှာလည်း ပေးဂိုးလုံးဝမရှိထားပါဘူး။ကျွန်တော်ကတော့ဒီပွဲက ၄ ပွဲမြောက် ပေးဂိုးမရှိ အိမ်ကွင်းပွဲစဉ်ဖြစ်လာဖို့ မြင်နေပြီး ၂၀၀၈ ခုနှစ်နောက်ပိုင်း ကွာတားဖိုင်နယ်ကို ပထမဆုံး အကြိမ် ပြန်လည်တက်လှမ်းမယ်လို့ ယူဆ ထားပါတယ်။

Source- Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD