AD
AD
AD

မနက်ဖြန် မြန်မာစံတော်ချိန် နံနက် ၁ နာရီခွဲအချိန်မှာ အင်္ဂလန်အသင်းနဲ့ အီတလီအသင်းတို့ဟာ နိုင်ငံတကာ ခြေစမ်းပွဲစဉ်အဖြစ် အင်္ဂလန်နိုင်ငံ ၀င်ဘလေကွင်းကြီးအတွင်း ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။

play

 

လက်ရှိအချိန်မှာတော့ အီတလီအသင်းဟာ အင်္ဂလန်နိုင်ငံကို ရောက်ရှိနေပြီ ဖြစ်ပြီး ဒီကနေ ညနေ မြန်မာစံတော်ချိန် ဗုဒ္ဓဟူးနေ့ နံနက်မှာ ကစား မယ့်ပွဲအတွက် ၀င်ဘလေကွင်းကြီးအတွင်း လေ့လာမှုများ ပြုလုပ်နေတာကိုလည်း တွေ့မြင်ရပါတယ်။

play

 

ပြီးခဲ့တစ်ပတ်က အင်္ဂလန်နိုင်ငံ မန်ချက်စတာ ပြည်နယ်မှာ ကစားခဲ့တဲ့ အာဂျင်တီးနားနဲ့ အီတလီတို့ပွဲစဉ်မှာတော့ အီတလီအသင်းက ၂-၀ ဂိုးနဲ့ ရှုံးနိမ့်ထားပေမယ့်လည်း တောင့်တင်းတဲ့လူစာရင်းကိုတော့ ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။

play

 

အီတလီဟာ ကမ္ဘာ့ဖလား ခြေစစ်ပွဲကို အောင်မြင်ထားခြင်းမရှိပေမယ့်လည်း လူငယ်သွေးသစ်ကစားသမားတွေကိုတော့ လာမယ့် ယူရိုပြိုင်ပွဲ အတွက် အခုကတည်းက ရည်ရွယ်ပြင်ဆင်နေတာကိုလည်း အာဂျင်တီးနားနဲ့ပွဲမှာ တွေ့မြင်ရမှာ ဖြစ်ပါတယ်။

play

 

ဒါ့အပြင် ယခု ကစားမယ့် ၀င်ဘလေကွင်းဆိုတာကလည်း မကြာသေးခင်ကပဲ အီတလီကလပ် ဂျူဗင်တပ်အသင်းရဲ့ အောင်မြေဖြစ်ခဲ့သလို အီတလီအသင်းရဲ့ လူစာရင်းမှာလည်း ဂျူဗင်တပ်အသင်းက ကစားသမားများစွာ ပါဝင်လာလေတော့ မစိမ်းတဲ့ မြက်ခင်ပြင်လို့ပဲ ဆိုရမှာ ဖြစ်ပါ တယ်။

play

 

အခြားတစ်ဖက်မှာတော့ ၂၀၁၈ ကမ္ဘာ့ဖလား ၀င်ခွင့်ရရှိထားတဲ့ အင်္ဂလန်ဟာ နည်းပြ ဆောက်ဂိတ်ရဲ့လက်အောက်မှာ လူငယ်များစွာနဲ့ အသား ပေးတည်ဆောက်ထားတာ တွေ့ရပြီး ပြီးခဲ့တဲ့ တစ်ပတ်က နယ်သာလန်အသင်းနဲ့ ခြေစမ်းပွဲမှာလည်း ၁-၀ ဂိုးနဲ့ အနိုင်ရရှိထားပါတယ်။

play

 

အခုလည်း နောက်ထပ် ခြေစမ်းပွဲကစားရမယ့်အီတလီနဲ့ ပွဲအတွက် ပြင်ဆင်နေပြီဖြစ်ပြီး ယနေ့မှာတော့ ဘောလုံးနဲ့ မပတ်သက်တဲ့ လေ့ကျင့်ခန်း တွေ ပြုလုပ်နေတာလည်း ဖြစ်ပါတယ်။

ဒါကတော့ ဂိမ်းကစားနည်းတစ်ခုဖြစ်ပြီး လေပေါ်မှာ မြှောက်ပစ်ရပြီးတစ်ဦးက လိုက်ဖမ်းရကာ အခြားသူများက မဖမ်းမိအောင်ကာကွယ်ရတဲ့ လက်နဲ့ဆော့ရတဲ့ ကစားနည်းပဲ ဖြစ်ပါတယ်။

ဒါ့အပြင် ကြံ့ခိုင်မှု လေ့ကျင့်ခန်းတွေကိုလည်း အလုပ်ချည်းသက်သက်မဟုတ်ပဲ ဆော့ကစားကာ ပြုမူနေခြင်းက အင်္ဂလန်အသင်းကို အဝေးက လှမ်းမြင်လိုက်ရင် လေ့ကျင့်ခန်းဆင်းနေတဲ့ အင်္ဂလန်လက်ရွေးစင်အသင်းလို့ မြင်ချင်စရာမရှိပဲ ကျောင်းသားလေတွေ မြက်ခင်းပြင်ပေါ်မှာ ပြေး လွှားဆော့ကစားနေတယ်လို့သာ ထင်မြင်စေတာဖြစ်ပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲကြီးအတွက် အခြားအသင်းများနဲ့မတူ ပေါ့ပါး သွက်လက်တဲ့ ဟန်ပန်တွေနဲ့အတူ အသင်းကို စည်းလုံးမှုရှိအောင် ပြုမူထားနိုင်တဲ့ နည်းပြ ဆောက်ဂိတ်ရဲ့ အင်္ဂလန်အသင်း ယခုကစားမယ့် အီတလီနဲ့ခြေစမ်းပွဲအပြင် ကမ္ဘာ့ဖလားမှာပါ ဘယ်လောက်အထိ စွမ်းဆောင်ပြနိုင်မလဲ ဆိုတာကလည်း စိတ်ဝင်စားဖို့ ကောင်းလှပါတယ်။

အင်္ဂလန်နဲ့ အီတလီတို့ဟာ ၂၀၁၅ ခုနှစ် ဧပြီလက ခြေစမ်းပွဲအဖြစ် နောက်ဆုံး ကစားခဲ့ပြီး တစ်ဖက်တစ်ဂိုးစီ သရေကျထားပါတယ်။ပြီးခဲ့တဲ့ ၂၀၁၄ ကမ္ဘာ့ဖလားမှာတုန်းကတော့ အုပ်စုတွင်း အတူကျရောက်ခဲ့ပြီး အီတလီအသင်းက ၂-၁ ဂိုးနဲ့ အနိုင်ရထားခဲ့ပါတယ်။

Source- Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD