AD
AD
AD

ပြင်သစ်ကလပ်ပီအက်စ်ဂျီအသင်းဟာ တော့တင်ဟမ်ဟော့စပါးကွင်းလယ်လူ အဲရစ်ဆင်ကို ပြောင်းရွှေ့ကြေးအမြောက်အမြားနဲ့ ခေါ်ယူဖို့အတွက် စီစဉ်နေတယ်လို့ သိရပါတယ်။ ပီအက်စ်ဂျီအသင်းနည်းပြ အူနိုင်းအမ်မရီဟာ နွေရာသီမှာ အသင်းကနေ ထွက်ခွာဖို့ ရှိနေပြီးတော့ ဒေါ့မွန်နည်းပြဟောင်း သောမတ်စ်တူချယ်လ်ကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့လည်း ရှိနေပါတယ်။

play

 

ဒိန်းမတ်ကွင်းလယ်လူ အဲရစ်ဆင်ဟာ စပါးအသင်းရဲ့ အဓိကကွင်းလယ်လူအဖြစ် ခြေစွမ်းပြနေတာဖြစ်ပြီး စပါးအသင်းရဲ့တိုက်စစ်မှူး ဟယ်ရီကိန်းနဲ့ အတွဲအဖက်ညီညီ ခြေစွမ်းပြကစားနေခဲ့သူလည်း ဖြစ်ပါတယ်။ ဒီနှစ်ဘောလုံးရာသီမှာ အဲရစ်ဆင်ဟာ စပါးအသင်းအတွက် (၁၄) ဂိုး သွင်းယူပေးထားနိုင်ပြီး (၁၀)ကြိမ်အထိ ဂိုးဖန်တီးမှုတွေ ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။

play

 

ပီအက်စ်ဂျီအနေနဲ့ အဲရစ်ဆင်အတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း (၁၀၀) အထိ သုံးစွဲသွားမယ်လို့ သိရပြီး ချန်ပီယံလိဂ်ပြိုင်ပွဲမှ စောစီးစွာ ထွက်ခွာနေခဲ့ရတဲ့ အသင်းအတွက် အင်အားတောင့်တင်းအောင် စီမံဆောင်ရွက်ဖို့ ကြိုးစားနေတာလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နွေရာသီ ကလည်း ပီအက်စ်ဂျီအသင်းဟာ စံချိန်တင်ပြောင်းရွှေ့ကြေးတွေ သုံးစွဲခဲ့ပြီးတော့ ဘာစိလိုနာတိုက်စစ်မှူး နေမာကို ယူရိုသန်း ၂၂၀နဲ့ ခေါ်ယူခဲ့ပြီး မိုနာကိုတိုက်စစ်မှူး ဘတ်ပီကိုလည်း ဈေးနှုန်းအများအပြားပေးချေကာ ခေါ်ယူခဲ့ပါတယ်။

play

 

သတင်းများအရတော့ ပီအက်စ်ဂျီအသင်းဟာ ချယ်လ်ဆီးကွင်းလယ်လူ အန်ဂိုလိုကန်တီကိုလည်း ခေါ်ယူဖို့ ကြိုးစားနေပြီးတော့ ဘတ်ပီကလည်း ကန်တီကို ခေါ်ယူမှုဟာ အသင်းအတွက် အသင့်တော်ဆုံးဖြစ်မယ်လို့ ထောက်ခံခဲ့ကြောင်း သိရပါတယ်။ ဘတ်ပီက ပြင်သစ်အသင်းဖော်ကို ခေါ်ယူဖို့ အသင်းကို တွန်းအားပေးခဲ့တာဖြစ်ပြီး လာမယ့်ရာသီမှာ ပီအက်စ်ဂျီအသင်းရဲ့ အပြောင်းအရွှေ့ လှုပ်ရှားမှုတွေကို မြင်တွေ့ရဖွယ် ရှိလာခဲ့ပါတယ်။

play

 

ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးကွင်းလယ်ကစားသမားတွေကို ငွေကြေးအင်အားသုံးပြီးတော့ ပီအက်စ်ဂျီအသင်းက ခေါ်ယူဖို့ ကြိုးစားနေ ပေမယ့် ယူအီးအက်ဖ်အေရဲ့ ဘဏ္ဍာရေးစည်းမျဉ်းဥပဒေကြောင့် ပြင်သစ်ကလပ်ဟာ ကစားသမားအပြောင်းအရွှေ့မှာ အခက်အခဲ အနည်းငယ်နဲ့ ရင်ဆိုင်ရဖွယ်လည်း ရှိနေပါတယ်။

Source : 90min

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD