AD
AD
AD

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တိုက်စစ်မှူး မားကပ်စ်ရက်ရှ်ဖို့ဒ်ဟာ ပရီးမီးယားလိဂ်ဘောလုံးရာသီ ပြီးဆုံးခဲ့ပြီဖြစ်တာကြောင့် အားလပ်ရက်မှာ ပေါ်တူဂီနိုင်ငံကို အလည်အပတ်သွားရောက်ခဲ့ပါတယ်။

play

 

ဒါပေမယ့် မားကပ်စ်ရက်ရှ်ဖို့ဒ်ဟာ အားလပ်ရက်မှာ အနားယူနေခြင်းမရှိဘဲ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အင်္ဂလန်အသင်းအတွက် အကောင်းဆုံးပုံစံပြသနိုင်အောင် အစ်ကိုဖြစ်သူ ဒိန်းနဲ့အတူ ကြံ့ခိုင်ရေးအတွက် လေ့ကျင့်ခန်းတွေ အပြင်းအထန်ပြုလုပ်နေကြောင်း ရက်ရှ်ဖို့ဒ်ရဲ့ အစ်ကို ဒိန်းက အင်စတာဂရမ်မှာ ပုံတွေတင်ခဲ့ပါတယ်။

play

 

ရက်ရှ်ဖို့ဒ်ဟာ အစ်ကိုဖြစ်သူ ဒိန်း၊ ဆယ်လ်ဖို့ဒ်အသင်းရဲ့ကွင်းလယ်ကစားသမား မေလ်နတ်တို့နဲ့အတူ လေ့ကျင့်ရေးပြုလုပ်နေတာဖြစ်ပြီး ယခုရာသီမှာ မန်ချက်စတာယူနိုက်တက်အသင်းအတွက် ၁၃ ဂိုးသွင်း၊ ဂိုးဖန်တီးမှု ၉ ကြိမ်ပြုလုပ်ပေးထားတဲ့ကစားသမားဖြစ်ပါတယ်။ ရက်ရှ်ဖို့ဒ်ဟာ ပြီးခဲ့တဲ့စနေနေ့က အက်ဖ်အေဖလားဗိုလ်လုပွဲမှာ ချယ်ဆီးအသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ် ၇၃ မိနစ်မှာ လူကာကူနဲ့ လူစားလဲလှယ်ခြင်းခံခဲ့ပါတယ်။

play

အင်္ဂလန်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကို ယှဉ်ပြိုင်ကစားဖို့ ရုရှားကို မထွက်ခွာမီမှာ နိုင်ဂျီးရီးယား၊ ကော်စတာရီကာအသင်းတို့နဲ့ ခြေစမ်းပွဲအဖြစ် ယှဉ်ပြိုင်ကစားသွားဖို့ရှိနေပြီး အသက် ၂၀ အရွယ်သာရှိသေးတဲ့ ရက်ရှ်ဖို့ဒ်ဟာ အင်္ဂလန်အသင်းလူစာရင်းမှာ ရွေးချယ်ခြင်းခံထားရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD