AD
AD
AD

ယနေ့နံနက် ၁ နာရီ ၁၅ မိနစ်အချိန်မှာ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ဒုတိယအကျော့ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ရီးရဲမက်ဒရစ်အသင်းနဲ့ ဂျူဗင်တပ်အသင်းတို့ရဲ့ပွဲစဉ်မှာ ဂျူဗင်တပ်အသင်းက ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပေမယ့် ရီးရဲမက်ဒရစ်အသင်းက ၂ ကျော့ပေါင်းရလဒ် ၄ ဂိုး ၃ ဂိုးနဲ့ အနိုင်ရရှိပြီး ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။

play

 

ရီးရဲမက်ဒရစ်အသင်းဟာ တိုက်စစ်မှာ ဂါရတ်ဘေးလ်နဲ့ ခရစ်စတီယာနိုရော်နယ်ဒိုတို့ကို အထောင်ထားပြီး ပွဲထွက်လာခဲ့ပါတယ်။ ဂျူဗင်တပ် အသင်းက တိုက်စစ်မှာ မန်ဇူကစ်၊ ဟီဂူအင်၊ ဒေါက်ဂလပ်ကော်စတာတို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။ ပွဲစတင်ချိန်ကတည်းက တစ်ဖက်နဲ့ တစ်ဖက် အကြိတ်အနယ်ရှိခဲ့ကြပြီး အပြန်အလှန် ဂိုးပေါက်ခြိမ်းခြောက်မှုတွေ ပြုလုပ်နိုင်ခဲ့ကြပါတယ်။

play

play

 

ပွဲစတင်ပြီး ၂ မိနစ်မှာ ခေဒီရာရဲ့ဖန်တီးပေးပို့မှုကနေတစ်ဆင့် မန်ဇူကစ်က ဂျူဗင်တပ်အသင်းအတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပြီး ၂၇ မိနစ်မှာ မန်ဇူကစ်ကပဲ လစ်ခ်ျစတိန်နာရဲ့ပေးပို့မှုကနေ ဒုတိယမြောက်ဦးဆောင်ဂိုးကို ထပ်မံသွင်းယူပေးခဲ့ပါတယ်။ ရီးရဲမက်ဒရစ်အသင်းဟာ ချေပဂိုးတွေ ပြန်လည်သွင်းယူဖို့ ကြိုးစားခဲ့ပေမယ့် အဆုံးသတ်ပိုင်းမှာ လိုအပ်ချက်တွေ ရှိနေတာကြောင့် ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး။

play

 

ဒုတိယပိုင်းမှာ ရီးရဲမက်ဒရစ်အသင်းက ခြေစွမ်းမပြသနိုင်တဲ့ ဂါရတ်ဘေးလ်နဲ့ကက်စ်မဲရိုးတို့ကို ထုတ်ပြီး အဆန်စီရိုနဲ့ လူးကပ်စ်ဗက်စ်ကွက်တို့ကို ထည့်သွင်းကစားစေခဲ့ပါတယ်။ ၆၁ မိနစ်မှာ ကေလာနားဗက်စ်ရဲ့အမှားကနေ မတွီဒီက ဂျူဗင်တပ်အသင်းအတွက် တတိယမြောက် ဦးဆောင်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။

play

play

 

ပွဲပြီးဆုံးခါနီး မိနစ် ၉၀ မှာ လူးကပ်စ်ဗက်စ်ကွက်ကို ဘီနေးတီးယား ဖျက်ထုတ်ပုံကြမ်းတမ်းခဲ့တာကြောင့် ကွင်းလယ်ဒိုင်က ပင်နယ်တီပြစ်ဒဏ်ဘော သတ်မှတ်ပေးခဲ့ရာ ဘူဖွန်က ကွင်းလယ်ဒိုင်ကို အပြင်းအထန် စောဒကတက်ခဲ့တာကြောင့် အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရပါတယ်။ လစ်လပ်သွားတဲ့ ဂိုးသမားနေရာမှာ ဆက်ဇ်နီ ဝင်ရောက်လာခဲ့ပြီး ရီးရဲမက်ဒရစ်အသင်းရဲ့ပင်နယ်တီပြစ်ဒဏ်ဘောကို ရော်နယ်ဒိုက အမှားအယွင်းမရှိကန်သွင်းယူပြီး ရီးရဲမက်ဒရစ်အသင်းအတွက် လိုအပ်နေတဲ့ အနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD