AD
AD
AD

ရီးရဲမက်ဒရစ်အသင်းရဲ့ ဘယ်နောက်ခံကစားသမားဟောင်း ရောဘတ်တိုကားလို့စ်ဟာ ရီးရဲမက်ဒရစ်အသင်းအနေနဲ့ ယခုနှစ်မှာလည်း ချန်ပီယံလိဂ်ဖလားကို ရရှိပြီး သုံးနှစ်ဆက်တိုက် ချန်ပီယံဖြစ်သွားနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။

play

 

ရီးရဲမက်ဒရစ်အသင်းဟာ လာလီဂါမှာ အဆင့် ၃ နေရာကို ရောက်ရှိနေပြီး ဘာစီလိုနာအသင်းနဲ့ ၁၅ မှတ်အထိ ကွာဟနေတာဖြစ်ပါတယ်။ ဒါပေမယ့် ဥရောပပြိုင်ပွဲမှာတော့ ရီးရဲမက်ဒရစ်အသင်း ရလဒ်ကောင်းတွေ ပိုင်ဆိုင်နေခဲ့ပြီး ပြင်သစ်လီဂူးဝမ်း ထိပ်သီးအသင်းဖြစ်တဲ့ PSG ကို ရှုံးထွက်အဆင့်မှာ ၂ ကျော့စလုံး အနိုင်ကစားပြီး ချန်ပီယံလိဂ်သမ္ဘာကို ပြသနိုင်ခဲ့ပါတယ်။

play

 

ရီးရဲမက်ဒရစ်အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလားကို ၃ ကြိမ်အထိ ရယူခဲ့ဖူးတဲ့ ရောဘတ်တိုကားလို့စ်ဟာ ယခုနှစ်မှာ ရီးရဲမက်ဒရစ်အသင်းအနေနဲ့ ချန်ပီယံလိဂ်မှာ ဗိုလ်စွဲပြီး ၃ နှစ်ဆက်တိုက် ချန်ပီယံဖြစ်နိုင်ကြောင်း ပြောကြားခဲ့ပါတယ်။

"ရီးရဲမက်ဒရစ်အသင်းအနေနဲ့ နောက်ထပ်တစ်ကြိမ် ချန်ပီယံလိဂ်ဖလားမှာ ဗိုလ်စွဲနိုင်ခြေရှိပါတယ်။ ဘာလို့အဲဒီလိုပြောရလဲဆိုတော့ ရီးရဲမက်ဒရစ်ဖြစ်နေလို့ပါ။ ဒီအသင်းဟာ ကြီးကျယ်ခမ်းနားပြီး ဥရောပမှာ အအောင်မြင်ဆုံးအသင်းဖြစ်တဲ့အပြင် ကမ္ဘာ့အကောင်းဆုံးအသင်းပါ"

"မက်ဒရစ်က ပြည်တွင်းမှာတော့ အခြေအနေမကောင်းပါဘူး။ ဒါပေမယ့် ဥရောပမှာတော့ လေးစားလောက်စရာခြေစွမ်းကို ပြသနိုင်ခဲ့ပါတယ်။ ချန်ပီယံလိဂ် ၁၂ ကြိမ်လောက် ရဖူးတဲ့အသင်းအနေနဲ့ ၅ ကြိမ်လောက်ရဖူးတဲ့အသင်းနဲ့ ရင်ဆိုင်ရမှာ အခက်မခဲမရှိနိုင်ပါဘူး"

play

 

"ဇီဒန်းအနေနဲ့ ကမ္ဘာပေါ်မှာ အကောင်းဆုံးနည်းပြတစ်ယောက်ဖြစ်ကြောင်း သက်သေပြခဲ့ပြီးပါပြီ။ ကစားသမားတစ်ယောက်အနေနဲ့လည်း သူက ကမ္ဘာပေါ်မှာ အကောင်းဆုံးပါပဲ။ သူက ကမ္ဘာ့ဖလားရော၊ ချန်ပီယံလိဂ်ကိုပါ ရယူခဲ့ဖူးတဲ့သူဖြစ်ပါတယ်"

"သူ ဘောလုံးကွင်းထဲကနေ အကောင်းဆုံးကစားသမားအဖြစ်နဲ့ ကျောခိုင်းသွားခဲ့ပါတယ်။ အခု သူက အရာအားလုံးအနိုင်ရရှိနိုင်တဲ့ အကောင်းဆုံးနည်းပြဖြစ်နေပါပြီ"လို့ ပြောကြားခဲ့ပါတယ်။

Source & Photos: 442

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD