AD
AD
AD

ယနေ့နံနက် ၁ နာရီ ၁၅ မိနစ်အချိန်မှာ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ လီဗာပူးအသင်းနဲ့ မန်ချက်စတာစီးတီး အသင်းတို့ရဲ့ပွဲစဉ်မှာ လီဗာပူးအသင်းက ၃ ဂိုး ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။

play

play

 

လီဗာပူးအသင်းဟာ တိုက်စစ်မှာ မိုဟာမက်ဆာလာ၊ ဖာမီနို၊ ဆာနေးတို့ သုံးယောက်တွဲကိုပဲ အသုံးပြုခဲ့ပြီး မန်ချက်စတာစီးတီးအသင်းက ဂက်ဘရီရယ်ဂျီးဆပ်ကို အထောင်ထားပြီး ဆာနေး၊ ဒေးဗစ်ဆေးလ်ဗား၊ ဂန်ဒိုဂန်တို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။ ပထမပိုင်းစတင်ချိန်ကတည်းက တစ်ဖက်နဲ့တစ်ဖက် အကြိတ်အနယ်ရှိခဲ့ကြပြီး ၁၂ မိနစ်မှာပဲ ဖာမီနိုထိုးပေးလိုက်တဲ့ဘောလုံးကို မိုဟာမက်ဆာလာအပိုင် ကန်သွင်းယူပြီး လီဗာပူးအသင်းအတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

play

 

မိနစ် ၂၀ မှာ ဂျိမ်းစ်မေလ်နာ ပေးပို့လိုက်တဲ့ ဘောလုံးကို ချန်ဘာလိန်က ပင်နယ်တီဧရိယာဘီးကုပ်စက်ဝိုင်းထိပ်ကနေ အပြင်းကန်သွင်းယူပြီး လီဗာပူးအသင်းအတွက် ဒုတိယမြောက်ဦးဆောင်ဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။ မန်ချက်စတာစီးတီးအသင်းဟာ ချေပဂိုးတွေ ပြန်လည်သွင်းယူနိုင်ဖို့ ကြိုးပမ်းခဲ့ပေမယ့် ကွင်းလယ်နဲ့တိုက်စစ် နားလည်မှုလွဲနေခဲ့ပြီး ဘောလုံးအပျက်များနေခဲ့ပါတယ်။

play

 

၃၁ မိနစ်မှာ မိုဟာမက်ဆာလာက ဂိုးရှေ့မှာ အသင့်စောင့်ဆိုင်းနေတဲ့ ဖာမီနိုနဲ့ မာနေးတို့ဆီကို အကွက်မြင်မြင် ပေးပို့ခဲ့ရာမှာ မာနေးက မန်စီးတီးဂိုးသမား အီဒါဆင်နဲ့ အနီးကပ်အပိုင်ခေါင်းတိုက်သွင်းယူပြီး လီဗာပူးအသင်းအတွက် တတိယမြောက်ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

play

 

ဒုတိယပိုင်းမှာ မန်ချက်စတာစီးတီးအသင်းက တိုက်စစ်ဖွင့်ကစားခဲ့ပြီး ဂိုးကန်သွင်းမှုတွေ ပြုလုပ်နိုင်ခဲ့ပေမယ့် လီဗာပူးအသင်းရဲ့ ဂိုးပေါက်ကို တစ်ကြိမ်တစ်ခါမှ တည့်ခဲ့ခြင်းမရှိပါဘူး။ မန်ချက်စတာစီးတီးအသင်းဟာ ခြေစွမ်းမပြနိုင်တဲ့ ဂန်ဒိုဂန်ကို ထုတ်ပြီး စတားလင်းကို ထည့်သွင်းကစားစေခဲ့ပေမယ့် ကစားကွက် သိသိသာသာပြောင်းလဲခဲ့ခြင်းမရှိဘဲ လီဗာပူးအသင်းနောက်တန်းနဲ့ ဂိုးသမားတွေကလည်း မန်စီးတီးအသင်းရဲ့တိုက်စစ်ကို အကောင်းဆုံးဟန့်တားနိုင်ခဲ့ပါတယ်။

play

 

မန်ချက်စတာစီးတီးအသင်းဟာ လီဗာပူးအသင်းရဲ့အိမ်ကွင်းမှာ အဝေးဂိုးတစ်ဂိုးမှ မသွင်းယူနိုင်ခဲ့ဘဲ ဒုတိယအကျော့မှာ လီဗာပူးအသင်းကို အိမ်ကွင်းမှာ ဘယ်လိုပုံစံနဲ့ ရင်ဆိုင်သွားမလဲဆိုတာကိုသာ စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD