AD
AD
AD

စပိန်အသင်းနဲ့ တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့တဲ့ ခြေစမ်းပွဲအပြီးမှာ ဂျာမနီအသင်းဟာ ဒုတိယမြောက်ခြေစမ်းပွဲအဖြစ် ဘရာဇီးအသင်းနဲ့ လာမယ့် မတ်လ ၂၈ ရက်နေ့ ဗုဒ္ဓဟူးနေ့မှာ ယှဉ်ပြိုင်ကစားသွားအုံးမှာ ဖြစ်ပါတယ်။

play

 

အဆိုပါ ဘရာဇီးနဲ့ ကစားမယ့် ပွဲစဉ်မှာတော့ ဂျာမနီအသင်းအနေနဲ့ အသင်းရဲ့ အဓိက ကစားသမား ၃ ဦးဖြစ်တဲ့ မူလာ၊အိုလ်ဇေးနဲ့ ချမ်တို့ ပါဝင် နိုင်မှာ မဟုတ်ဘူးလို့ ထုတ်ပြန်ခဲ့ပါတယ်။

play

 

မူလာနဲ့ အိုလ်ဇေးတို့မှာ စပိန်ကို သရေကျခဲ့တဲ့ပွဲမှာ ပါဝင်ကစားခဲ့ကြပြီး မူလာက ဂျာမနီအတွက် ချေပဂိုးကိုသွင်းယူပေးနိုင်ခဲ့တာလည်း ဖြစ်ပါ တယ်။

ဂျာမနီဘောလုံးအဖွဲ့ချုပ်ရဲ့ တရားဝင် တွစ်တာအကောင့်မှာတော့ မူလာနဲ့ အိုလ်ဇေးတို့နှစ်ဦးဟာ ခြေစမ်းပွဲကစားမယ့် ဘာလင်မြို့ကို အသင်းနဲ့ အတူ လိုက်ပါခဲ့ခြင်းမရှိဘူးလို့ သတင်းထုတ်ပြန်ထားတာလည်း ဖြစ်ပါတယ်။

ချမ်ကတော့ စပိန်နဲ့ ကစားခဲ့တဲ့ ပွဲစဉ်ကတည်းက ကျောဒဏ်ရာကြောင့် ပါဝင်နိုင်ခဲ့ခြင်းမရှိပဲ ယခု ဘရာဇီးနဲ့ ပွဲမှာလည်း ပါဝင်နိုင်အုံးမှာ မဟုတ် ဘူးလို့ ထုတ်ပြန်ခဲ့ပါတယ်။

အခြား ဘိုင်ယန်မြူးနစ်ကစားသမားတစ်ဦးဖြစ်တဲ့ စီဘတ်စတီယန် ရူဒီကတော့ အသင်းနဲ့အတူ ပြန်လည်ပါဝင်လာခဲ့တယ်လို့ သိရပါတယ်။

ဂျာမနီအသင်းမှာ လာမယ့် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အုပ်စု(စ)အတွင်း မက္ကဆီကို၊တောင်ကိုရီးယား၊ဆွီဒင်အသင်းများနဲ့ အတူ ကျရောက် နေကာ နောက်တစ်ဆင့်တက်ဖို့ အခွင့်ရေးကောင်းကို ပိုင်ဆိုင်ထားတာလည်း ဖြစ်ပါတယ်။

Source- Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD