AD
AD
AD

ကွယ်လွန်သွားပြီဖြစ်တဲ့အသက် ၃၁ နှစ်အရွယ် အသင်းခေါင်းဆောင် နောက်ခံကစားသမား ဒါဗီဒီ အက်စတိုရီကို ဂုဏ်ပြုတဲ့အနေနဲ့ ဖီအိုရင်တီး နားအသင်းဟာ အသင်းရဲ့ လေ့ကျင့်ရေးကွင်းနာမည်ကို အက်စတိုရီရဲ့ နာမည်ကို ခေါ်တွင်စေလိုက်ပြီ ဖြစ်ပါတယ်။

play

 

အဆိုပါ နောက်ခံလူဟာ အီတလီလက်ရွေးစင်အဖြစ် ၁၄ ပွဲကစားခဲ့ဖူးပြီး မတ်လ ၄ ရက်နေ့က အူဒီးနီးစ်နဲ့ ကစားမယ့်ပွဲမတိုင်မီ ဟိုတ်ယခန်းအ တွင်း ကွယ်လွန်နေခဲ့တာလည်း ဖြစ်ပါတယ်။

play

 

လက်ရှိမှာတော့ ဖီအိုရင်တီးနား အသင်း ဥက္ကဌ မာရီယိုက အီတလီ မီဒီယာကို ထုတ်ပြန်ကြေညာခဲ့ရာမှာ -"  ဖီအိုရင်တီးနားအသင်းရဲ့လေ့ကျင့် ရေးကွင်းအမည်ကို " Centro Sportivo Davide Astori" လို့ ခေါ်တွင်စေလိုက်ပြီ" လို့ သိရပါတယ်။

play

 

အက်စတိုရီမှာ ကွယ်လွန်ချိန်တွင် ဇနီးသည်နဲ့ ၂ နှစ်အရွယ် သမီးလေးတစ်ဦးကျန်ရှိခဲ့ပြီး ကယ်ဂလီရာရီကို ၂၀၀၈ ခုနှစ်က မရောက်ခင် အေစီ မီလန်အကယ်ဒမီမှာ တက်ရောက်ခဲ့သူလည်း ဖြစ်ပါတယ်။

ဖီအိုရင်တီးနားအသင်းကို ၂ နှစ်စာချုပ်နဲ့ မပြောင်းရွှေ့မီ ရိုးမားနဲ့ ဖီအိုရင်တီးနားအသင်းတို့မှ အငှားနဲ့ လာကစားခဲ့ဖူးသူလည်း ဖြစ်ပါတယ်။

၎င်းအနေနဲ့ ဖီအိုရင်တီးနားအသင်းမှာ ၀တ်ဆင်ခဲ့တဲ့ ကျောနံပါတ ၁၃ ဂျာစီကိုလည်း ၎င်းရဲ့ ဈာပနအခမ်းအနားအပြီးမှာ ရာသက်ပန်အနားပေး လိုက်ပြီလို့ ဖီအိုရင်တီးနားအသင်းက ကြေညာခဲ့ပါတယ်။

Source- BBC SPORTS

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD