AD
AD
AD

လာမယ့် နွေရာသီမှာ အသင်းမှ ကွင်းလယ်ကစားသမားပေါ့ဂ်ဘာကို ရောင်းထုတ်တော့မယ်လို့ မော်ရင်ဟို သတင်းထုတ်ပြန်ခဲ့ပြီးနောက် ၎င်းနေ ရာမှာ အစားထိုးမယ့်ကစားသမားကိုလည်း ရှာဖွေနေပါပြီ။

play

 

မော်ရင်ဟိုအနေနဲ့ ပေါ့ဂ်ဘာရဲ့နေရာမှာ ရီးရဲအသင်းမှ ဂျာမနီကွင်းလယ်လူ တိုနီခရူးစ်ကို အစားထိုးဖို့ ကြံရွယ်နေတယ်လို့ သိရပြီး ခေါ်ယူနိုင် ရေးကြိုးပမ်းနေပြီလို့လည်း သိရပါတယ်။

play

မန်ယူအသင်းအနေနဲ့ ၂၀၁၆ ခုနှစ်က ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးတစ်ရပ်နဲ့ ဂျူဗင်တပ်အသင်းကနေ ပေါ့ဂ်ဘာကို ခေါ်ယူနိုင်ခဲ့ပေမယ့် လည်း ၂၀၁၇-၁၈ဘောလုံးရာသီမှာတော့ နည်းပြမော်ရင်ဟိုနဲ့ မပြေလည်မှုတွေဖြစ်ပေါ်ခဲ့ပါတယ်။

ဒါကြောင့် ပေါ့ဂ်ဘာဟာ ယခုနှစ် မန်ယူအသင်းရဲ့ ကစားသမားစာရင်းမှာ ပထမဦးစားပေး ကစားသမား ဖြစ်မလာတော့ပဲ ချန်လှပ်ခြင်း ခံနေခဲ့ရ တာလည်းဖြစ်ပါတယ်။

မန်ယူအသင်းရဲ့ နောက်ဆုံး ၁၁ ပွဲကို ပြန်ကြည့်မယ်ဆိုရင်လည်း ပေါ့ဂ်ဘာအနေနဲ့ ၄ ပွဲသာ ပွဲထွက်ခွင့်ရခဲ့တာလည်း ဖြစ်ပါတယ်။

လက်ရှိမှာတော့ နည်းပြ မော်ရင်ဟိုအနေနဲ့ ၎င်းနဲ့ ပတ်သက်ပြီး မပျော်မရွှင်ဖြစ်နေရတယ်လို့ သိရပြီး လီဗာပူးကို အနိုင်ရခဲ့တဲ့ပွဲအပြီးမှာလည်း ပေါ့ဂ်ဘာကို ထည့်သွင်းခြင်းမရှိခဲ့ပေမယ့် ဒဏ်ရာကြောင့်လို့ ဖြေရှင်းသွားခဲ့ပါတယ်။

ယခုအခါမှာတော့ မော်ရင်ဟိုအနေနဲ့ ပေါ့ဂ်ဘာကို ရောင်းထုတ်တော့မယ်လို့ သတင်းထုတ်ပြန်လိုက်ပြီ ဖြစ်ပြီး ၎င်းနေရာမှာ လွန်ခဲ့တဲ့ ၄ နှစ်က ခေါ်ယူဖို့ နီးစပ်ခဲ့ပေမယ့်လည်း ရီးရဲအသင်းက လက်ဦးခဲ့တဲ့ ဘိုင်ယန်မြူးနစ်ကစားသမားဟောင်း တိုနီခရူးစ်ကို အရပြန်ခေါ်ယူဖို့ ကြိုးပမ်းနေ ပြီ လို့ သိရပါတယ်။

အခြားတစ်ဖက်မှာလည်း မော်ရင်ဟိုက ပေါ့ဂ်ဘာရဲ့ နိုင်ငံကစားဖော် ရီးရဲနောက်ခံလူ ဗာရနီကို ခေါ်ယူသွားအုံးမယ်လို့လည်း သိထားရပြန်ပါ တယ်။

Source- Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD