AD
AD
AD

ယနေ့ညမှာ ဘာစီလိုနာအသင်းနဲ့ရိုးမားအသင်းတို့ဟာ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပထမအကျော့ပွဲစဉ်အဖြစ် နူးကမ့်ကွင်းကြီးမှာ ယှဉ်ပြိုင်ကစားသွားကြမှာဖြစ်ပါတယ်။

play

 

ဂျူဗင်တပ်အသင်းရဲ့ကစားသမားဟောင်း တက်ချီနာဒီဟာ ရိုးမားအသင်းအနေနဲ့ ဘာစီလိုနာအသင်းကို အကောင်းဆုံးရင်ဆိုင်နိုင်မယ့် ကစားကွက်ကို အကြံပြုပြောကြားခဲ့ပြီး အဝေးကွင်းမှာ ဂိုးမပြတ်အောင် သတိထားဖို့ ပြောကြားလိုက်တာဖြစ်ပါတယ်။ ရိုးမားအသင်းဟာ ၁၉၈၃-၁၉၈၄ ဘောလုံးရာသီမှာ ဆီမီးဖိုင်နယ်အဆင့်ကို နောက်ဆုံးတက်ရောက်ခဲ့ပြီး ဆီမီးဖိုင်နယ်မတက်ရောက်နိုင်ခဲ့တာ ၃၆ နှစ်တိုင်ခဲ့ပြီဖြစ်ပါတယ်။

play

 

ဂျူဗင်တပ်အသင်းနဲ့ ၁၉၉၅-၁၉၉၆ ရာသီမှာ ချန်ပီယံလိဂ်ဖလားကို ကိုင်မြှောက်ခဲ့ဖူးတဲ့ တက်ချီနာဒီဟာ ရိုးမားအသင်းအနေနဲ့ ၃၆ နှစ်တိုင် ဝေးကွာနေတဲ့ ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ဖို့အတွက် မျှော်လင့်ချက်အလင်းရောင်လေးတစ်စအနေနဲ့ မန်ချက်စတာယူနိုက်တက် အသင်းရဲ့နည်းပြ မော်ရင်ဟိုရဲ့ ဘတ်စ်ကစားကွက်ကို အသုံးပြုဖို့ အကြံပေးခဲ့ပါတယ်။

play

 

"မက်ဆီက အရမ်းထူးခြားအံ့သြစရာကောင်းတဲ့အဆင့်ကို နောက်ထပ်တစ်ကြိမ် ရောက်ရှိနေပါပြီ။ သူ့ကို တားဆီးနိုင်ခဲ့မယ်ဆိုရင်တောင် ရိုးမားအသင်းအတွက် မလွယ်ကူပါဘူး။ ရိုးမားအသင်းအနေနဲ့ ပြီးပြည့်စုံတဲ့ ၂ ကျော့ပေါင်းရလဒ် ရရှိဖို့ လိုအပ်ပါတယ်"

"ကြိုက်ကြိုက်၊ မကြိုက်ကြိုက် ရိုးမားအသင်းအနေနဲ့ ဘတ်စ်ကားကွက်သုံးရမှာပဲ။ တကယ်လို့ ခင်ဗျား ဘာစီလိုနာအသင်းကို တိုက်စစ်ကစားမယ်ဆိုရင် မီတာ ၅၀ ကျော်တာနဲ့ ခင်ဗျား သေပြီသာမှတ်ပေတော့"လို့ ပြောကြားခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD