AD
AD
AD

ပေါ်တူဂီလက်ရွေးစင်အသင်းရဲ့ ကြယ်ပွင့်ကစားသမား ခရစ်စတီယာနိုရော်နယ်ဒိုဟာ အီဂျစ်အသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ၂ ဂိုးသွင်းယူပေးခဲ့ပြီးနောက် ကမ္ဘာတစ်ဝှမ်းတစ်သက်တာသွင်းဂိုးအများဆုံးကစားသမားစာရင်းမှာ တတိယအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။

play

 

အသက် ၃၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ခရစ်စတီယာနိုရော်နယ်ဒိုဟာ ပေါ်တူဂီလက်ရွေးစင်အသင်းအတွက် ၁၄၉ ပွဲပါဝင်ကစားပေးထားပြီး ၈၁ ဂိုးသွင်းယူထားနိုင်တဲ့ကစားသမားဖြစ်ပါတယ်။ ဥရောပရဲ့တစ်သက်တာသွင်းဂိုးအများဆုံးကစားသမားစာရင်းမှာတော့ ခရစ်စတီယာနိုရော်နယ်ဒိုဟာ ဟန်ဂေရီအသင်းရဲ့ဂန္တဝင်တိုက်စစ်မှူး ဖဲရင့်စ်ပွတ်စ်ကပ်ထက် ၃ ဂိုးလျော့နည်းပြီး ဒုတိယနေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

play

 

ပွတ်စ်ကပ်ဟာ ၁၉၄၅ ခုနှစ်နဲ့ ၁၉၅၆ ခုနှစ်ကြားမှာ ၈၉ ပွဲကစားပြီး ၈၄ ဂိုးအထိ သွင်းယူပေးခဲ့တာဖြစ်ပြီး ခရစ်စတီယာနိုရော်နယ်ဒိုကတော့ ၂၀၀၃ ခုနှစ်ကနေ ယနေ့အချိန်အထိ ၁၄၉ ပွဲကစားပြီး ၈၁ ဂိုးသွင်းယူပေးထားတာဖြစ်ပါတယ်။ ခရစ်စတီယာနိုရော်နယ်ဒိုဟာ မတူညီတဲ့ နိုင်ငံအသင်း ၃၄ သင်းကို ဂိုးသွင်းယူထားနိုင်ခဲ့ပြီး ဥရောပထိပ်သီးအသင်းကြီးတွေဖြစ်တဲ့ ပြင်သစ်၊ စပိန်၊ ဂျာမနီ၊ အီတလီနဲ့ အင်္ဂလန်အသင်းတို့နဲ့ တွေ့ဆုံရာမှာတော့ လက်ရှိအချိန်အထိ ဂိုးမသွင်းယူနိုင်သေးဘူးလို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD