AD
AD
AD

ရီးရဲမက်ဒရစ်အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလားကို ၃ နှစ်ဆက်တိုက် ကိုင်မြှောက်နိုင်ခဲ့ပြီး ကစားသမားဘဝတစ်လျှောက် ချန်ပီယံလိဂ်ဖလားကို ၅ ကြိမ်မြောက် ကိုင်မြှောက်နိုင်ခဲ့တဲ့ ခရစ်စတီယာနိုရော်နယ်ဒိုက သူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ပွဲအပြီးမှာ အရိပ်အမြွက်ပြောကြားသွားခဲ့ပါတယ်။

play

 

ခရစ်စတီယာနိုရော်နယ်ဒိုက ရီးရဲမက်ဒရစ်အသင်းနဲ့အနာဂတ်ကို အာမမခံနိုင်ကြောင်း ပြောကြားခဲ့ပြီး အောင်ပွဲခံနေတဲ့အချိန်မှာ ယခုလိုစကားမျိုး မပြောသင့်တာကို လက်ခံကြောင်း ပြောကြားခဲ့ပါတယ်။ အသက် ၃၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ခရစ်စတီယာနိုရော်နယ်ဒိုဟာ ချန်ပီယံလိဂ်ဖလားကို ၅ ကြိမ်အထိ ကိုင်မြှောက်နိုင်တဲ့ ပထမဆုံးကစားသမားဖြစ်ပြီး အသင်းအတွက် အောင်မြင်မှုတွေ ရယူပေးပြီးနောက် အနာဂတ်နဲ့ပတ်သက်ပြီး အခုလို ပြောကြားခဲ့ပါတယ်။

play

 

"ကျွန်တော်လုပ်ရမယ့်အရာတွေက မပြီးသေးဘူးလို့ ပြောခဲ့ဖူးပါတယ်။ တစ်စုံတစ်ရာကတော့ ဖြစ်ပျက်လာတော့မှာပါ"

"အခုကတော့ ပြောဖို့အချိန်ကောင်းတော့မဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော့်အနေနဲ့ ရိုးရိုးသားသားပြောပြတာပါ။ လာမယ့်အပတ်မှာ ကျွန်တော် တစ်စုံတစ်ခုကို ပြောဖို့ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ပရိသတ်တွေက ကျွန်တော့်ကို နှလုံးသားထဲကနေ အမြဲတမ်း အားပေးနေကြလို့ပါ"

play

 

ခရစ်စတီယာနိုရော်နယ်ဒိုဟာ ရီးရဲမက်ဒရစ်အသင်းနဲ့ ၂၀၂၁ ခုနှစ်အထိ စာချုပ်သက်တမ်းကျန်ရှိနေသေးသူဖြစ်ပြီး ယခုလို အသင်းကနေ ထွက်ခွာဖို့ ပြောကြားမှုအပေါ်မှာ နောင်တရမှာမဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။

"ကျွန်တော် ဘာကိုမှ အာမမခံနိုင်ပါဘူး။ ဘာမှလည်း ဖုံးကွယ်ထားမှာလည်းမဟုတ်ပါဘူး။ လာမယ့် ရက်အနည်းငယ်အတွင်းမှာ ကျွန်တော် ပြောပြသွားမှာပါ"

"ဘဝဆိုတာ ဂုဏ်သိက္ခာတစ်ခုတည်းမဟုတ်ပါဘူး။ ကျွန်တော် ဥက္ကဌပီးရက်ဇ်ကို ပရော်ဖက်ရှင်နယ်ဆန်ဆန် တွေ့ဆုံနှုတ်ဆက်ပြီး စကားပြောမှာပါ"

"မုန်တိုင်းဆိုတာ ဘာမှမရှိတဲ့ တစ်နေရာကပဲ စတင်လာတာပါ"လို့ ပဟေဋ္ဌိဆန်ဆန် ပြောကြားသွားခဲ့ပါတယ်။

Source & Photos: Goal

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD