AD
AD
AD

ယနေ့နံနက်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ရီးရဲမက်ဒရစ်အသင်းနဲ့ ဂျူဗင်တပ်အသင်းတို့ရဲ့ပွဲစဉ်မှာ ဂျူဗင်တပ်အသင်းက ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပေမယ့် ၂ ကျော့ပေါင်းရလဒ် ၄ ဂိုး ၃ ဂိုးနဲ့ ရီးရဲမက်ဒရစ်အသင်းက ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။

play

 

ဂျူဗင်တပ်အသင်းဟာ ပွဲစတင်ပြီး ၂ မိနစ်ကတည်းက မန်ဇူကစ်ရဲ့အဖွင့်ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပြီး ၃၇ မိနစ်မှာ မန်ဇူကစ်ကပဲ ဂျူဗင်တပ်အသင်းအတွက် ဒုတိယမြောက်ဦးဆောင်ဂိုးကို ထပ်မံသွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ဒုတိယပိုင်း ၆၁ မိနစ်မှာ မတွီဒီက ရီးရဲမက်ဒရစ်အသင်းရဲ့ ဂိုးသမား ကေလာနားဗက်စ်ရဲ့အမှားကို အခွင့်ကောင်းယူပြီး ဂျူဗင်တပ်အသင်းအတွက် တတိယမြောက်ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

play

 

ရီးရဲမက်ဒရစ်အသင်းဟာ နောက်တစ်ဆင့်ကို တက်ရောက်နိုင်ဖို့အတွက် ဂိုးသွင်းယူနိုင်ဖို့ ကြိုးစားခဲ့ရာ မိနစ် ၉၀ မှာ ဂျူဗင်တပ်အသင်းရဲ့ နောက်ခံကစားသမား ဘီနေးတီးယားက လူးကပ်စ်ဗက်စ်ကွက်ကို ဖျက်ထုတ်ပုံကြမ်းတမ်းခဲ့တာကြောင့် ကွင်းလယ်ဒိုင်က ပင်နယ်တီ သတ်မှတ်ပေးခဲ့ပါတယ်။ ကွင်းလယ်ဒိုင်ရဲ့ဆုံးဖြတ်ချက်ကို မကျေနပ်တဲ့ ဂိုးသမားဘူဖွန်ဟာ အပြင်းအထန်စောဒကတက်ခဲ့တာကြောင့် ကွင်းလယ်ဒိုင်က ဘူဖွန်ကို အနီကတ်ပြပြီး ထုတ်ပယ်ခဲ့ပါတယ်။

play

 

ရီးရဲမက်ဒရစ်အသင်းအတွက် ပင်နယ်တီပြစ်ဒဏ်ဘောကို ခရစ်စတီယာနိုရော်နယ်ဒိုက ကန်သွင်းယူပေးခဲ့ပြီး ရီးရဲမက်ဒရစ်အသင်းကို ဆီမီးဖိုင်နယ်အဆင့်ကို ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ခရစ်စတီယာနိုရော်နယ်ဒိုဟာ ချန်ပီယံလိဂ်မှာ ပွဲပေါင်း ၁၅၀ ပြည့်မြောက်တဲ့ တတိယမြောက်ကစားသမားဖြစ်လာခဲ့ပြီး သွင်းဂိုး ၁၂၀ နဲ့ ဂိုးဖန်တီးမှု ၃၆ ကြိမ်ပြုလုပ်ထားနိုင်ခဲ့ပြီဖြစ်ပါတယ်။

Source & Photos: Goal

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD