AD
AD
AD

ရီးရဲမက်ဒရစ်အသင်းရဲ့နည်းပြ ဇီဒန်းဟာ ဘာနေဗျူးမှာ မယုံကြည်နိုင်လောက်တဲ့ အောင်မြင်မှုတွေကို ၂ ရာသီခွဲကြာ ရရှိခဲ့တဲ့နည်းပြဖြစ်ပြီး ခေတ်သစ်ချန်ပီယံလိဂ်သမိုင်းမှာ ၃ နှစ်ဆက်တိုက် ချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးနိုင်ခဲ့တဲ့နည်းပြဖြစ်ပါတယ်။

play

 

ရီးရဲမက်ဒရစ်အသင်းရဲ့ကြယ်ပွင့်တိုက်စစ်မှူး ခရစ်စတီယာနိုရော်နယ်ဒိုက အသင်းကနေ အံ့အားသင့်ဖွယ် နှုတ်ထွက်သွားတဲ့ နည်းပြ ဇီဒန်းကို ဂုဏ်ပြုနှုတ်ဆက်စကားပြောဆိုထားတာကို အင်စတာဂရမ်အကောင့်မှာ တင်ခဲ့ပါတယ်။ ဇီဒန်းရဲ့ရီးရဲမက်ဒရစ်အသင်းကနေ နှုတ်ထွက်တဲ့ဆုံးဖြတ်ချက်ဟာ ဘောလုံးလောကကို အံ့အားသင့်စေခဲ့ပြီး ရီးရဲမက်ဒရစ်အသင်းရဲ့ဥက္ကဌ ဖလော်ရန်တီနိုပီးရက်ဇ်တစ်ဦးတည်းကိုသာ ယမန်နေ့ကတည်းက အသိပေးခဲ့တာဖြစ်ပါတယ်။ ခရစ်စတီယာနိုရော်နယ်ဒိုက ဆရာဟောင်းဖြစ်ခဲ့တဲ့ ဇီဒန်းကို အတူတူရှိနေပေးခဲ့တဲ့အတွက် ကျေးဇူးတင်စကားပြောကြားခဲ့ပါတယ်။

"ခင်ဗျားရဲ့ကစားသမားတစ်ယောက်ဖြစ်ခဲ့ရတာပဲ ဂုဏ်ယူစရာလို့ ခံစားရပါတယ်။ ကျေးဇူးအများကြီးတင်ပါတယ် ဆရာ"လို့ အင်စတာဂရမ်မှာ ရေးသားထားခဲ့ပါတယ်။

play

 

ရီးရဲမက်ဒရစ်အသင်းရဲ့အသင်းခေါင်းဆောင်ဆာဂျီယိုရာမို့စ်ကလည်း "ကစားသမားတစ်ယောက်အနေနဲ့ရော နည်းပြတစ်ယောက်အနေနဲ့ရော ခင်ဗျားဟာ ထိပ်ဆုံးမှာ ရောက်နေချိန်မှ နှုတ်ဆက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ မယုံကြည်နိုင်လောက်စရာ ၂ နှစ်ခွဲသက်တမ်းအထိ အတူရှိနေပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်"လို့ ရေးသားခဲ့ပါတယ်။

play

 

ဆက်လက်ပြီး "ခင်ဗျားပေးခဲ့တဲ့ အမွေအနှစ်တွေက ဖျောက်ဖျက်ပစ်လို့မရပါဘူး။ ကျွန်တော်တို့အားလုံး ချစ်ခင်မြတ်နိုးရတဲ့အသင်းရဲ့သမိုင်းတစ်လျှောက်မှာ အအောင်မြင်ဆုံးအခန်းကဏ္ဍတွေထဲကတစ်ခုအဖြစ် တည်ရှိနေမှာပါ"လို့ ရေးသားထားတာကို တွေ့ရပါတယ်။

Source & Photos: Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD