AD
AD
AD

ရီးရဲမက်ဒရစ်အသင်းရဲ့ ဘလွန်းဒီအော် ၅ ဆုပိုင်ရှင် ခရစ်စတီယာနိုရော်နယ်ဒိုဟာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ကစားသမား နီမန်ဂျာမာတစ်ရဲ့သားဆီကို ဗီဒီယိုဖိုင်တစ်ခု ပေးပို့ခဲ့ပါတယ်။

play

 

နီမန်ဂျာမာတစ်ရဲ့သားဟာ ဂိုးသွင်းယူအပြီး ရီးရဲမက်ဒရစ်အသင်းရဲ့တိုက်စစ်မှူး ခရစ်စတီယာနိုရော်နယ်ဒိုရဲ့ အောင်ပွဲခံတဲ့ပုံစံအတိုင်း အောင်ပွဲခံခဲ့တဲ့ ဗီဒီယိုဖိုင်ကို ရော်နယ်ဒိုရဲ့အသင်းဖော် လူကာမိုဒရစ်က ရော်နယ်ဒိုကို ပြသခဲ့ပြီး ရော်နယ်ဒိုက မာတစ်ရဲ့သားဆီကို ဂုဏ်ပြုစကား ပြောကြားထားတဲ့ ဗီဒီယိုဖိုင်ကို ပေးပို့ခဲ့တာဖြစ်ပါတယ်။

play

 

"မင်္ဂလာပါ ဖိလစ်မာတစ်ရေ၊ မင်းကို မင်္ဂလာပါလို့ ပြောချင်လို့ပါ။ မင်းက ဦးရဲ့ပရိသတ်ဆိုတာ သိပါတယ်။ ပြီးခဲ့တဲ့ရက်တွေတုန်းက မြင်ခဲ့ရပါတယ်။ လူကာက မင်း ဦးရဲ့ပုံစံအတိုင်း အောင်ပွဲခံခဲ့တဲ့ ဗီဒီယိုဖိုင်ကို ပြခဲ့တယ်လေ။ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်နော်။ မကြာခင်မှာ တွေ့ကြတာပေါ့"လို့ ရော်နယ်ဒိုက ပြောကြားခဲ့ပြီး ဗီဒီယိုဖိုင်ကို ပေးပို့ခဲ့တာပါ။

play

 

ရော်နယ်ဒို ပေးပို့ခဲ့တဲ့ ဗီဒီယိုဖိုင်ကို မန်ချက်စတာယူနိုက်တက်အသင်းရဲ့ကွင်းလယ်ကစားသမား နီမန်ဂျာမာတစ်က သူ့ရဲ့အင်စတာဂရမ်အကောင့်မှာ တင်ထားခဲ့ပြီး 'ကျေးဇူးပါပဲ ခရစ်စတီယာနိုနဲ့ မိုဒရစ်ရေ။ ငါ့သားလေးလည်း ပျော်ရွှင်နေပါတယ်'လို့ ရေးသားခဲ့ပါတယ်။ မာတစ်ရဲ့သား ဖိလစ်မာတစ်ဟာ မကြာသေးမီက ကျင်းပခဲ့တဲ့ ၇ နှစ်ပြည့်မွေးနေ့မှာ အိုးထရက်ဖို့ဒ် မွေးနေ့ကိတ်ကို ခွဲခဲ့ပြီး ဖခင်ဖြစ်သူရဲ့ ခြေရာအတိုင်း လိုက်နင်းမယ့် သားတစ်ယောက်ဖြစ်ကြောင်း ဗီဇပြသခဲ့တာဖြစ်သလို မာတစ်ဟာ သားဖြစ်သူ ဖိလစ်ကို မိမိလို ကျော်ကြားတဲ့ ကစားသမားဖြစ်လာစေဖို့အတွက် မန်ချက်စတာယူနိုက်တက်အသင်းရဲ့ လူငယ်အကယ်ဒမီမှာ အပ်နှံထားတယ်လို့ သိရပါတယ်။

Source & Photos: DM

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD