AD
AD
AD

အီတလီကလာတဲ့သတင်းတစ်ရပ်အရ ရော်နယ်ဒိုရဲ့အေးဂျင့်ဖြစ်တဲ့ ဂျော့ဂ်ျမန်းဒက်စ်ဟာ ရော်နယ်ဒိုရဲ့စာချုပ်သစ်အတွက် လျှို့ဝှက်ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

play

 

ခရစ်စတီယာနိုရော်နယ်ဒိုရဲ့စာချုပ်သက်တမ်းဟာ ၂၀၂၁ ခုနှစ်မှာ ကုန်ဆုံးမှာဖြစ်ပြီး လက်ရှိရရှိနေတဲ့ တစ်ပတ်လုပ်ခ ပေါင် ၃ သိန်း ၂ သောင်းခွဲကို တိုးမြှင့်ပေးမယ်ဆိုရင် ဘာနေဗျူးမှာ ဆက်လက်ရှိနေမှာဖြစ်ပါတယ်။ အသက် ၃၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ခရစ်စတီယာနိုရော်နယ်ဒိုဟာ ကစားသမားဘဝ နေဝင်ချိန်ကို ရောက်ရှိနေပြီဖြစ်ပေမယ့် အထင်ကြီးလေးစားလောက်စရာ စွမ်းဆောင်ရည်တွေ ပြသနိုင်ဆဲဖြစ်ပါတယ်။

play

 

စာချုပ်သစ်နဲ့ပတ်သက်ပြီး ထွက်ပေါ်လာတဲ့ ကောလာဟလတွေအရ ရော်နယ်ဒိုကို ပြီးခဲ့တဲ့နှစ်က စပိန်တရားရုံးမှာ အရှုပ်အထွေးဖြစ်စေခဲ့တဲ့ ကစားသမားရဲ့ပုံရိပ်အသုံးပြုခွင့်နဲ့ပတ်သက်ပြီး ပိုမိုရှင်းရှင်းလင်းလင်း ဖြစ်လာမယ်လို့ သိရပါတယ်။ ဒါပေမယ့် ယင်းစာချုပ်သစ်ဟာ လာမယ့်နွေရာသီမှာ ဖြစ်လာနိုင်ဖွယ်မရှိသေးဘဲ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှသာ ရော်နယ်ဒိုရဲ့အေးဂျင့်နဲ့ ရီးရဲမက်ဒရစ်အသင်းတို့ အပြီးသတ် ဆွေးနွေးသွားမယ်လို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD