AD
AD
AD

ပက်ဂွါဒီယိုလာ ဦးဆောင်တဲ့ မန်စီးတီးအသင်းကတော့ ယနေ့ နံနက်ပိုင်းက ကစားခဲ့တဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ပထမအကျော့ ပွဲစဉ်မှာ အဝေးကွင်းဖြစ်ပေမယ့်လည်း ခြေစွမ်းပြကာ ၄-၀ ဂိုးနဲ့ ဘေဆယ်ကို အနိုင်ရရှိခဲ့ပါတယ်။

play

 

ပရီးမီးယားလိဂ် အမှတ်ပေးဆုဖလား လမ်းကြောင်းမှာ ထိပ်ဆုံးက လွတ်လွတ်ကျွတ်ကျွတ်ဦးဆောင်ထားနိုင်သလို ယခုလို ဘေဆယ်ကို ဂိုးပြတ် အနိုင်ရရှိတာကြောင့်လည်း ချန်ပီယံလိဂ်မှာ ကွာတားဖိုင်နယ် တက်ရောက်ရေး ပိုမိုခိုင်မာနေစေခဲ့ပါပြီ။

play

 

မန်စီးတီးအသင်းအတွက် ဂိုးတွေကိုတော့ ဒီနေ့ပွဲမှာ ပွဲထွက်လာတဲ့ ကွင်းလယ်လူ ဂန်ဒိုဂန်က ၂ ဂိုး ဘာနန်ဒိုဆေးလ်ဗားက တစ်ဂိုးနဲ့ တိုက်စစ်မှူး အဂူရိုက တစ်ဂိုးသွင်းယူပေးခဲ့ကြတာ ဖြစ်ပါတယ်။

play

 

ဒါ့အပြင် ဒီကနေ့ ပွဲမှာ ဒဏ်ရာကြောင့် အနည်းဆုံး ၆ ပတ်ခန့်အနားယူရမယ်လို့ သတင်းထုတ်ပြန်ထားတဲ့ ဆာနေးဟာလည်း ပွဲချိန် ၅၇ မိနစ်မှာ တော့ စတားလင်းအစား လူစားဝင်ကစားခဲ့တာကိုလည်း တွေ့မြင်ရပါတယ်။

မန်စီးတီးအသင်းအနေနဲ့ အခုလို အဝေးကွင်းမှာ ၄-၀ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရခဲ့တာဟာ အင်္ဂလန်ကလပ်အသင်းတွေရဲ့ သမိုင်းကြောင်းမှာတော့ ပထ မဆုံး ၄ ဂိုးပြတ်နဲ့ အနိုင်ရခဲ့တာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် ၂၀၀၆-၀၇ ခုနှစ်က အင်္ဂလန်အသင်းဖော် လီဗာပူးအသင်းတင်ရှိထားတဲ့ အဝေးကွင်းမှာ PSV အသင်းကို ကွာတားဖိုင်နယ်မှာ ၃-၀ ဂိုးနဲ့ အနိုင်ရထားတဲ့ စံချိန်ကိုပါ ကျော်ဖြတ်နိုင်ခဲ့တယ်လို့သိရပါတယ်။

ယခုပွဲစဉ်မှာ ခြေစွမ်းပြ သွင်းဂိုး ၂ ဂိုးသွင်းယူနိုင်ခဲ့တဲ့ ကွင်းလယ်လူ ဂန်ဒိုဂန်ကိုလည်း နည်းပြ ဂွါဒီယိုလာက-" တစ်ကယ်ကို အံ့မခန်း လောက်တဲ့ ခြေစွမ်းမျိုးကို ပြသနိုင်ခဲ့ပါတယ်။ပြီးခဲ့တဲ့ ရာသီကဆိုရင်သူ့ကို ကျွန်တော်တို့ ဒဏ်ရာကြောင့် ၆ လလောက် လက်လွှတ်ထားခဲ့ရတာလေ။ယနေ့ပွဲ မှာတော့ အသင်းရဲ့ ခြေစွမ်းကို အားရကျေနပ်ပါတယ်။" လို့ ထုတ်ဖော်ပြောခဲ့ပါတယ်။

ဒုတိယအကျော့ပွဲစဉ်ကိုတော့ လာမယ့် မတ်လ ၈ ရက်နေ့မှာ မန်စီးတီးအသင်းရဲ့ အိမ်ကွင်း အီတီဟတ်မှာ ပြန်လည်ကစားရမှာ ဖြစ်ပါတယ်။

Source- Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD