AD
AD
AD

ဘလွန်းဒီအောဆုဆိုတာ ကမ္ဘာ့အားကစားလောကမှာ ပြင်သစ်က ပေးအပ်တဲ့ မြင့်မားတဲ့ ဂုဏ်ထူးဆောင်ဆုတစ်ဆု ဖြစ်ပါတယ်။

၂၀၁၀ကနေ ၂၀၁၅ ခုနှစ်အတွင်း ဖီဖာ ဘလွန်းဒီအောဆုလို့ အမည်ခေါ်ဝေါ်ခဲ့ပြီး ယခုအချိန်မှာတော့ ရိုးရှင်းစွာပဲ ဘလွန်းဒီအောဆုလို့ ခေါ်တွင် နေကြပါပြီ။

ဒီဆုကို အများဆုံး ဆွတ်ခူးထားနိုင်တဲ့ ကစားသမားကတော့နှစ်ဦးရှိနေပြီး ခရစ္စတီယာနို ရော်နယ်ဒိုနဲ့ မက်ဆီတို့ပဲ ဖြစ်ပါတယ်။ ဒီကစားသမား နှစ်ဦးဟာ တစ်ဦးလျှင် ၅ ကြိမ်စီနဲ့ နောက်ဆုံး ၁၀ နှစ်အတွင်းတစ်လှည့်စီရယူထားနိုင်ကြတာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် မက်ဆီဟာ မိုက်ကယ် ပလာတီနီရဲ့ ၃ ကြိမ်ဆက် ရရှိထားတဲ့ စံချိန်ကိုလည်း ၄ ကြိမ်ဆက် ရယူပြီး ချိုးဖျက်ထားနိုင်ခဲ့သူ ဖြစ်ပါတယ်။

ယခုဖော်ပြချင်တာကတော့ ယခုဘောလုံးလောကမှာ ရော်နယ်ဒို မက်ဆီတို့နဲ့အပြိုင် ဘလွန်းဒီအောဆုကို ရယူနိုင်သင့်ပါလျက်နဲ့ မရရှိထားတဲ့ ကစားသမားကြီး ၄ဦးကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

play

 

(၄)ဘူဖွန်
----------

ကမ္ဘာ့ဘောလုံးလောကရဲ့ ကြီးကျယ်ခမ်းနားတဲ့ ဂိုးသမားကြီးတစ်ဦးပါ။ဘူဖွန်ဟာ ၂၀၀၆ ခုနှစ်တုန်းက အီတလီနဲ့အတူ ကမ္ဘာ့ဖလား ကိုင်မြှောက်နိုင်ခဲ့တုန်းက ဒီဘလွန်းဒီအောဆုကို ရခဲ့သင့်ပါတယ်။ ဒါပေမယ့်လည်း အဲ့ဒီနှစ်က သူ့ရဲ့ ကစားဖော် နောက်ခံလူ ကာနဗားရိုးက ရရှိ ခဲ့တာလည်း ဖြစ်ပါတယ်။

သူတို့ဟာ အဲ့အချိန်တုန်းက အုပ်စုတွင်းမှာ ချက်နဲ့ ဂါနာကို အနိုင်ယူပြီး အမေရိကန်ကို သရေကစားခဲ့ကာ ၁၆ သင်းအဆင့်ကို တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီ အုပ်စုတွင်း ၃ပွဲမှာလည်း ပေးဂိုးက တစ်ဂိုးသာ ရှိထားခဲ့တာလည်း ဖြစ်ပါတယ်။ရှုံးထွက်အဆင့်ဆင့်မှာတော့ သြစတြေးလျ၊ယူကရိန်းနဲ့ ဂျာမ နီိတို့ကို အဆင့်ဆင့်ကျော်ဖြတ်ကာ ဖိုင်နယ်ကို ရောက်ရှိခဲ့ချိန်မှာလည်း ပေးဂိုးက တစ်ဂိုးသာရှိနေခဲ့တာ ဖြစ်ပါတယ်။

၎င်းတို့အနေနဲ့ ပြင်သစ်တိုက်စစ်မှူး ထရက်ဇီဂေးရဲ့ ပင်နယ်တီ တိုင်ထိခဲ့မှုနဲ့အတူ ၂၀၀၆ ခုနှစ်ရဲ့ ကမ္ဘာ့ဖလားကြီးကို ဆွတ်ခူးနိုင်ခဲ့ပြီး ၁၉၉၅ ခုနှစ်မှာ ပါးမားအသင်းကနေ အစပြုခဲ့တဲ့ ဂိုးသမားကြီး ဘူဖွန်ဟာ ၂၃နှစ်တာ ကစားသမားဘ၀တစ်လျှောက် ၂၀၀၆ ခုနှစ်ဟာ သူ့အတွက် အကောင်းဆုံး နှစ်တစ်နှစ်လည်း ဖြစ်ခဲ့ပါတယ်။

ဒါပေမယ့်လည်း ယင်းကဲ့သို့နှစ်မျိုးမှာမှ ဘလွန်းဒီအောဆုကို မပိုင်ဆိုင်နိုင်ခဲ့တဲ့ ဘူဖွန်ဟာ ဒီကနေ့အထိ ဘလွန်းဒီအောဆုကို ပိုင်ဆိုင်ခွင့်နဲ့ လွဲချော်နေခဲ့ရပြီလည်း ဖြစ်ပါတယ်။

play

 

(၃) အွန်နရီ
------------

မော်ဒန်ဘောလုံးခေတ်ကြီးထဲမှာ အွန်နရီလို ပြည့်စုံတဲ့ တိုက်စစ်မှူးမျိုးကလည်း ရှားပါခဲ့ပါတယ်။အွန်နရီအနေနဲ့ အင်္ဂလန်ကလပ် အာဆင်နယ် အသင်းနဲ့အတူ လူသိများထင်ရှားလာခဲ့သူလည်း ဖြစ်ပါတယ်။

အာဆင်နယ်အသင်းနဲ့အတူ ထင်ရှားခဲ့တာကတော့ ၂၀၀၃-၀၄ ခုနှစ်မှာ တစ်ရာသီအတွင်း ရှုံးပွဲလုံးဝမရှိခဲ့ပဲ ပရီးမီးယားလိဂ် ဆုဖလားကြီးကို ကိုင် မြောက်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

၂၀၀၇ ခုနှစ်မှာ အာဆင်နယ်အသင်းကနေ ဘာစီလိုနာကို ပြောင်းခဲ့ချိန်မှာတော့ အာဆင်နယ်အသင်းအတွက် ၂၅၄ ပွဲကစားပေးထားခဲ့ပြီ ဖြစ်ပြီး ၁၇၄ ဂိုးအထိ သွင်းယူပေးထားခဲ့ပါတယ်။

အဲ့နောက် ၂၀၀၉ ခုနှစ်မှာ နည်းပြဂွါဒီယိုလာရဲ့ ဦးဆောင်မှုနဲ့အတူ ချန်ပီယံလိဂ် ဆုဖလားကြီးကို အွန်နရီ ကိုင်မြှောက်နိုင်ခဲ့ပါတယ်။သူဟာ ဘာစီ လိုနာအသင်းအတွက် ပွဲပေါင်း ၈၀ကစားပေးခဲ့သူဖြစ်ပြီး ၃၅ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပါတယ်။အဲ့နောက် ဘာစီလိုနာကနေ နယူးယောက်ရက် ဘူးလ်အသင်းကို ပြောင်းရွှေ့ကစားခဲ့ပါတယ်။

နိုင်ငံအသင်းအတွက်လည်း ၂၀၀၇ ခုနှစ်မှာ ဂိုးသွင်းအများဆုံးကစားသမားဖြစ်လာခဲ့ပါတယ်။ဒါပေမယ့်လည်း သူ့အနေနဲ့ ဘလွန်းဒီအောဆုကို တော့ ရရှိဖို့ အခွင့်အရေး မရခဲ့တာကတော့ သူ့ဘ၀အတွက် စိတ်ပျက်စရာအကောင်းဆုံးပဲ ဖြစ်ပါတယ်။

play

 

(၂) ဇာဗီ ဟာနန်ဒက်
---------------------

ဇာဗီဟာ လက်ရှိ မက်ဆီနည်းတူ ဘာစီလိုနာ အကယ်ဒမီထွက်ကစားသမားတစ်ဦးဖြစ်ပါတယ်။ တိကျတဲ့ပေးပို့မှုများ သေသပ်တဲ့ ဘောလုံး အထိန်းအသိမ်းများနဲ့အတူ ဇာဗီကို လူသိများပါတယ်။

ဒါ့အပြင် ဘာစီလိုနာမှာ သူ့ရဲ့တွဲဖက်ကစားသမား အင်နီယေစတာနဲ့ အတွဲညီညီကစားနေခဲ့မှုကလည်း သူ့ကို ပိုမို ထင်ရှားစေခဲ့ပါတယ်။

သူဟာ ကစားသမားဘ၀တစ်လျှောက် ဘာစီလိုနာအသင်းနဲ့အတူ ဆုဖလားပေါင်းများစွာ ဆွတ်ခူးခဲ့ပြီး ချန်ပီယံလိဂ် ဆုဖလား ၄ ကြိမ်တောင် ပိုင်ဆိုင်နိုင်ခဲ့သူ ဖြစ်ပါတယ်။

ဒါ့အပြင် နိုင်ငံအသင်းနဲ့လည်း ၂၀၀၈ ဥရောပဖလားအပါအ၀င် ၂၀၁၀ ကမ္ဘာ့ဖလား၊၂၀၁၂ ဥရောပဖလားတွေကိုလည်း ဆွတ်ခူးနိုင်ခဲ့သူ ဖြစ်ပါ တယ်။

ဒါကြောင့်လည်း သူဟာ ဘလွန်းဒီအောဆုရဲ့ ဆန်ကာတင်စာရင်းမှာ မကြာခဏပါဝင်ခွင့်ရခဲ့ပေမယ့်လည်းနောက်ဆုံးမှာတော့ မက်ဆီကို အမြဲတစေ မကျော်လွှားနိုင်ပဲ ရှိနေခဲ့ရတာ ဖြစ်ပါတယ်။

သူ့အနေနဲ့ သွင်းဂိုးတွေ နည်းခဲ့ပေမယ့် အသင်းဖော်တွေ ဂိုးရဖို့အတွက်အခွင့်အရေးတွေ ဖန်တီးရာမှာတော့ သူမတူအောင် ထူးခြားကောင်းမွန် တဲ့ သူတစ်ဦး ဖြစ်လင့်ကစား မက်ဆီနဲ့ ရော်နယ်ဒိုကို မကျော်ဖြတ်နိုင်ခဲ့ခြင်းနဲ့အတူ ဘလွန်းဒီအောဆုဟာလည်း ရသင့်လျက်နဲ့ မရခဲ့ရတဲ့ ကစား သမားကြီးတစ်ဦးအဖြစ် ကျန်ရှိလို့ နေခဲ့ရပါပြီ။

play

 

(၁) အင်နီယေစတာ
-------------------

အင်နီယေစတာအကြောင်းပြောရင် ဇာဗီအကြောင်းပြောသလိုပဲ ဖြစ်နေပါလိမ့်မယ်။အကြောင်းကတော့ သူတို့နှစ်ဦးစလုံးက တူညီတဲ့ ကစားဟန် နဲ့ ဘာစီလိုနာကို အောင်မြင်တဲ့လမ်းကြောင်းကိုပို့ဆောင်ပေးခဲ့ကြသူတွေ ဒါမှမဟုတ် မက်ဆီကို ဘလွန်းဒီအော ၄ ကြိမ်ဆက်ရစေခဲ့သူတွေလို့ တောင် တင်စားရမှာ ဖြစ်ပါတယ်။

အင်နီယေစတာဟာ ဘာစီလိုနာအတွက် ၄၃၄ပွဲ ကစားပေးထားပြီး ဖြစ်ပါတယ်။၂၀၀၂ခုနှစ်မှ စတင်ပြီး ဘာစီလိုနာအတွက် ပါဝင်ကစားပေးခဲ့သူ ဖြစ်ပြီး ဇာဗီနည်းတူ အသင်းနဲ့ အောင်မြင်မှုတွေ ရရှိထားပါတယ်။

နိုင်ငံအသင်းမှာလည်း ထိုးနည်းလည်းကောင်းဖြစ်ခဲ့ပြီး ဇာဗီနည်းတူ ဘလွန်းဒီအော ဆန်ကာတင်စာရင်းမှာ ထည့်သွင်းဖော်ပြခြင်း မကြာခဏ ခံရလေ့ရှိခဲ့သူပါ။

ဒါပေမယ့်လည်း မက်ဆီနဲ့ ရော်နယ်ဒိုတို့ကသာ နောက်ဆုံးမှာ အကြိမ်ကြိမ် ဘလွန်းဒီအောဆုရှင်တွေ ဖြစ်ခဲ့ကြတာကြောင့်အင်နီယေစတာဟာ လည်း ကစားသမားဘ၀တစ်လျှောက် ဘလွန်းဒီအောဆုကို ရခဲ့သင့်ပါလျက်နဲ့ မရလိုက်တဲ့ နောက်ထပ် ကစားသမားကြီး တစ်ယောက် အဖြစ် ရှိနေခဲ့ပါတယ်။

Source- Sportskeeda

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD