AD
AD
AD

ဂျပန်ဒုတိယတန်းအသင်းတစ်သင်းဖြစ်တဲ့ ယိုကိုဟားမားအသင်းဟာ အသက် ၅၀ အရွယ်ရှိနေပြီဖြစ်တဲ့ တိုက်စစ်မှူး ခဇုယော့ရှိမိအုရကို စာချုပ်သစ် ချုပ်ဆိုခဲ့တယ်လို့ သိရပါတယ်။

play

 

၁၉၈၆ ခုနှစ်ကတည်းက ဘရာဇီးကလပ် ဆန်းတို့စ်အသင်းမှာ ကစားသမားဘဝစတင်ခဲ့တဲ့ ခဇုယော့ရှိမိအုရဟာ သူ့ရဲ့စံချိန်ကို ကိုယ်တိုင်ချိုးဖျက်ပြီး ၃၃ ရာသီမြောက်အဖြစ် အသင်းနဲ့အတူ ဆက်လက်ရှိနေတော့မှာဖြစ်ပါတယ်။

play

 

"ကျွန်တော်အမြဲတမ်း ဘောလုံးကို နှလုံးသားနဲ့ကစားပြီးတော့ ကစားသမားတစ်ယောက်အနေနဲ့ ဆက်ပြီး တိုးတက်လာဖို့အတွက် မျှော်လင့်ပါတယ်"လို့ ခရောဒိုသတင်းဌာနကို ပြောကြားခဲ့ပါတယ်။

play

 

ဂျီနိုအာအသင်းနဲ့ ဒိုင်နမိုဇာဂရက်အသင်းတို့မှာ ကစားခဲ့ဖူးတဲ့ ခဇုယော့ရှိမိအုရဟာ ၂၀၀၅ ခုနှစ်မှာ ယိုကိုဟားမားအသင်းကို ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ ဂျပန်လက်ရွေးစင်အသင်းအတွက် ၈၉ ပွဲ ကစားပေးခဲ့ပြီး ဂျပန်လိဂ်ရဲ့တစ်သက်တာထိပ်တန်းဂိုးသွင်းရှင်စာရင်းမှာ ၁၃၉ ဂိုးနဲ့ အဆင့် ၆ နေရာမှာ ရပ်တည်နေတဲ့ကစားသမားဖြစ်ပါတယ်။

Source & Photos: BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD