AD
AD
AD

အာဂျင်တီးနားအသင်းခေါင်းဆောင်မက်ဆီက ဂျူဗင်တပ်အသင်းမှ လူငယ်ကစားသမား ဒိုင်ဘာလာအနေနဲ့ မိမိရဲ့ ကစားပုံနဲ့ တူညီစွာ ကစားနေ နိုင်ခြင်းက လက်ရှိမှာ ၎င်းကိုအခက်တွေ့စေနေတာလို့ ထုတ်ဖော်ပြောခဲ့ပါတယ်။

play

 

မက်ဆီက ပြောရာမှာတော့ -" ကျွန်တော်တို့နှစ်ယောက်စလုံးက ညာခြမ်းမှာ အဆင်ပြေပြေ ကစားနိုင်တာခြင်းတူညီပါတယ်။နောက်ပြီး သူ့ရဲ့ ကစားပုံကလည်း ကျွန်တော်နဲ့တူနေတာကိုက သူ့အတွက်အခက်ကြုံနေစေတာလို့ မြင်ပါတယ်။" လို့ မက်ဆီက ပြောခဲ့ပါတယ်။

play

 

ဒိုင်ဘာလာမှာ အီတလီကလပ် ဂျူဗင်တပ်အသင်းမှာ ကစားနေပြီး အာဂျင်တီးနားအသင်းရဲ့ လက်ရှိ ခြေစမ်းပွဲကစားနေတဲ့ လူစာရင်းမှ ချန်လှပ် ခြင်းခံထားရတာလည်း ဖြစ်ပါတယ်။

ဒိုင်ဘာလာမှာ ၂၀၁၅ ခုနှစ်က အာဂျင်တီးနားအတွက် ပထမဆုံး ပွဲထွက်ကစားပေးခဲ့သော်လည်း ယနေ့အချိန်ထိ ၁၀ ပွဲခန့်သာ နိုင်ငံအတွက် ကစားခွင့်ရထားသူလည်း ဖြစ်ပါတယ်။

လက်ရှိအခြေအနေအတိုင်းသာ ဆက်သွားပါက ၎င်းအနေနဲ့ လာမယ့် ကမ္ဘာ့ဖလား ပြိုင်ပွဲဝင်မယ့် အာဂျင်တီးနားအသင်းရဲ့ လူစာရင်းနဲ့ပါ လွဲချော် ဖွယ်ရှိနေတယ်လို့ မက်ဆီက သတိပေးပြောခဲ့ပါသေးတယ်။

" ကျွန်တော်နဲ့ကစားပုံဆင်တာကို လက်ခံပါတယ်။လက်ရှိဖြစ်နေတဲ့ အကြောင်းရာတွေနဲ့ ပတ်သက်ပြီး ကျွန်တော်သူ့ကို ပြောခဲ့ပါသေးတယ်။ကျွန် တော်တို့ရဲ့ အဓိက ပြဿနာက ကစားပုံတူနေတာပါပဲ။ဒါကြောင့်သူ့အနေနဲ့ ဘယ်ခြမ်းမှာ ပြောင်းကစားနိုင်ဖို့တော့ ကြိုးစားရပါလိမ့်မယ်။"လို့ လည်း မက်ဆီက ပြောခဲ့ပါတယ်။

မက်ဆီမှာ လက်ရှိ တံကောကြောဒဏ်ရာကနေ ပြန်လည်သက်သာလာပြီ ဖြစ်ပြီး ယနေ့ညမှာ ကစားမယ့် စပိန်အသင်းနဲ့ ခြေစမ်းပွဲမှာ ပါဝင်က စားဖို့ အသင့်ရှိနေတယ်လို့လည်းသိရပါတယ်။

Source- Goal.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD