AD
AD
AD

သောကြာနေ့ညမှာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ပြင်ဆင်တဲ့အနေနဲ့ ချစ်ကြည်ရေးပွဲစဉ်တွေ ယှဉ်ပြိုင်ကစားခဲ့ကြပြီး ယင်းပွဲစဉ်တွေထဲမှာ ပရိသတ်တွေသတိမထားမိလိုက်တဲ့ဖြစ်ရပ် ၆ ခုရှိနေပါတယ်။

 

အက်စတိုရီကို အောက်မေ့ခြင်းအထိမ်းအမှတ်နဲ့ ဂုဏ်ပြုခဲ့တဲ့ အီတလီအသင်း

play

 

မန်ချက်စတာစီးတီးအသင်းရဲ့အီးတီဟတ်ကွင်းကြီးထဲမှာ ချစ်ကြည်ရေးပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ အာဂျင်တီးနားအသင်းနဲ့ အီတလီအသင်းတို့ရဲ့ပွဲစဉ်မှာ အီတလီအသင်းဟာ ယခုလအစက နှလုံးရောဂါကြောင့် ရုတ်တရက်ကွယ်လွန်သွားခဲ့တဲ့ အီတလီလက်ရွေးစင် နောက်ခံကစားသမား အက်စတိုရီအတွက် ဂုဏ်ပြုခဲ့ကြပါတယ်။

play

play

 

အီတလီကစားသမားတွေဟာ သွေးပူလေ့ကျင့်ခန်းပြုလုပ်နေစဉ်မှာ အက်စတိုရီဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် ၁၃ ကို ဝတ်ဆင်ခဲ့ကြပြီး ပွဲမစတင်မီမှာလည်း အက်စတိုရီအတွက် ဝမ်းနည်းပူဆွေးခြင်းအထိမ်းအမှတ်အနေနဲ့ တစ်မိနစ် ငြိမ်သက်ပေးခဲ့ကြပါတယ်။ အီတလီအသင်း ဝတ်စုံမှာလည်း အီတလီအလံတံဆိပ်ရဲ့အောက်မှာ 'ဒါဗီဒေး အမြဲတမ်းငါတို့နဲ့ ရှိနေမှာပါ'လို့ အဓိပ္ပာယ်ရတဲ့စာတန်းကို ထည့်သွင်းထားပြီး အက်စတိုရီအတွက် ဂုဏ်ပြုပေးခဲ့ကြပါတယ်။

 

အင်္ဂလန်ရဲ့အမြန်ဆုံးကစားသမားတွေ အားလုံးနီးပါးပါဝင်ခဲ့

play

 

အင်္ဂလန်အသင်းရဲ့လူစာရင်းထဲမှာ ပြေးနှုန်းအမြန်ဆုံးကစားသမား ၅ ဦးထဲက ၄ ဦးဟာ ဟော်လန်အသင်းနဲ့ပွဲစဉ်အတွက် ပွဲထွက်လူစာရင်းမှာ ပါဝင်ခဲ့ကြပါတယ်။ တိုင်းတာထားချက်တွေအရ အင်္ဂလန်အသင်းရဲ့အမြန်ဆုံးကစားသမားဟာ ကိုင်လီဝေါ်ကာဖြစ်ပြီး သူ့ရဲ့ပြေးနှုန်းဟာ တစ်နာရီကို ၃၅.၂၁ ကီလိုမီတာရှိတယ်လို့ သိရပါတယ်။ နောက်ထပ် တစ်နာရီကို ၃၅ ကီလိုမီတာ ပြေးနှုန်းရှိတဲ့ ကစားသမားဖြစ်တဲ့ တိုက်စစ်မှူး ဂျေမီဗာဒီကတော့ ဒုတိယပိုင်း ၆၈ မိနစ်မှာ ရက်ရှ်ဖို့ဒ်ရဲ့နေရာမှာ လူစားလဲဝင်ရောက်ကစားခဲ့ပါတယ်။

 

စတော့တလန်ပွဲကို သွားရောက်ကြည့်ရှုခဲ့တဲ့ မော်ရင်ဟို

play

မန်ချက်စတာယူနိုက်တက်အသင်းရဲ့နည်းပြ မော်ရင်ဟိုဟာ စကော့တလန်အသင်းအတွက် ပါဝင်ကစားပေးခဲ့တဲ့ အသင်းရဲ့လူငယ် ကွင်းလယ်ကစားသမား စကော့မက်တွန်မ်နေးရဲ့ ကစားပုံကို အကဲခတ်ဖို့အတွက် ကိုယ်တိုင်သွားရောက်ကြည့်ရှုခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းအကယ်ဒမီကနေ ထွက်ပေါ်လာတဲ့ မက်တွန်မ်နေးဟာ ယခုရာသီ ပေါ့ဂ်ဘာရဲ့ခြေစွမ်းပျောက်ဆုံးနေမှုကြောင့် ပထမအသင်းမှာ ပွဲထွက်ကစားခွင့်ရရှိနေပြီး မော်ရင်ဟိုရဲ့သဘောကျခြင်းကို ခံနေရသူလည်းဖြစ်ပါတယ်။ ယင်းပွဲစဉ်မှာ ကော့စတာရီကာအသင်းကို စကော့တလန်အသင်းက ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

 

ချစ်စဖွယ်ဟန်ပန်လုပ်ပြခဲ့တဲ့ ကလေးမလေး

play

 

ပွဲမစတင်မီ နှစ်ဖက်အသင်းကစားသမားတွေနဲ့ သက်ဆိုင်ရာအသင်းအသီးသီးနဲ့အတူ လိုက်ပါလာတဲ့ ကလေးငယ်တွေဟာ စီတန်းရပ်နေစဉ် ဟော်လန်အသင်းနဲ့အတူ လိုက်ပါလာတဲ့မိန်းကလေးငယ်တစ်ဦးက ပရိသတ်တွေကို အံ့အားသင့်ဖွယ်အပြုအမူကို ပြုလုပ်ပြခဲ့ပါတယ်။ ကစားသမားတွေကို တစ်ဦးချင်း ကင်မရာက ရိုက်ကူးနေစဉ် ယင်းကလေးငယ်ဟာ ဗွီပုံသဏ္ဌာန် လက် ၂ ချောင်းကို ထောင်ပြပြီး ချစ်စဖွယ်ဟန်ပန်နဲ့ ပို့စ်ပေးခဲ့တာဖြစ်ပါတယ်။ ယင်းကလေးငယ်ရဲ့အပြုအမူဟာ ချစ်ဖို့ကောင်းပြီးအပြစ်ကင်းပေမယ့် ယူကေမှာတော့ ယင်း ဗွီပုံသဏ္ဌာန် လက် ၂ ချောင်းကပ်ပြီး ထောင်ပြတာဟာ ရိုင်းပျတဲ့အပြုအမူလို့ မှတ်ယူကြတာဖြစ်ပါတယ်။ ဒါပေမယ့် ပရိသတ်တွေကတော့ ယင်းကလေးငယ်ရဲ့အပြုအမူနဲ့ပတ်သက်ပြီး ရိုင်းပျတယ်လို့ မယူဆခဲ့ပါဘူး။

 

ကမ္ဘာ့အကောင်းဆုံးကစားသမားဆိုတာ မိုဟာမက်ဆာလာကို ပြသခဲ့တဲ့ ရော်နယ်ဒို

play

 

ပေါ်တူဂီအသင်းနဲ့ အီဂျစ်အသင်းတို့ရဲ့ချစ်ကြည်ရေးပွဲစဉ်ဟာ ကမ္ဘာ့အကောင်းဆုံးတိုက်စစ်ကစားသမား ၂ ဦး ထိပ်တိုက်တွေ့ဆုံခဲ့တဲ့ပွဲလည်း ဖြစ်ခဲ့ပြီး ခရစ်စတီယာနိုရော်နယ်ဒိုက မိုဟာမက်ဆာလာထက် ပိုကောင်းမွန်ကြောင်း ပြသနိုင်ခဲ့ပါတယ်။

play

 

မိုဟာမက်ဆာလာဟာ ယခုရာသီ ပရီးမီးယားလိဂ်မှာ သွင်းဂိုး ၂၈ ဂိုးနဲ့ ပြိုင်ပွဲစုံ ၃၈ ဂိုးသွင်းယူထားပြီး ဥရောပရွှေဖိနပ်ဆုအတွက် ရေပန်းစားနေတဲ့ကစားသမားဖြစ်ပါတယ်။ ရော်နယ်ဒိုအနေနဲ့ ယခုရာသီ လာလီဂါပြိုင်ပွဲတစ်ဝက်အထိ ခြေစွမ်းပျောက်ဆုံးနေပေမယ့် လက်ရှိအချိန်မှာတော့ အကောင်းဆုံးပုံစံ ပြန်လည်ရရှိနေပြီး ပြိုင်ပွဲစုံ ၃၅ ဂိုးသွင်းယူထားရာ နောက်ဆုံး ၉ ပွဲမှာ ၁၈ ဂိုးအထိ သွင်းယူထားနိုင်တဲ့ကစားသမားဖြစ်ပါတယ်။ အီဂျစ်အသင်းနဲ့ ပေါ်တူဂီအသင်းတို့ပွဲစဉ်မှာ အီဂျစ်အသင်းက ၅၆ မိနစ်မှာ မိုဟာမက်ဆာလာရဲ့ သွင်းဂိုးနဲ့ အဖွင့်ဂိုး စတင်ရရှိခဲ့ပြီး ပေါ်တူဂီအသင်းအတွက် ၉၂ မိနစ်နဲ့ ၉၅ မိနစ်တို့မှာ ရော်နယ်ဒိုက ချေပဂိုးနဲ့ အနိုင်ဂိုးကို ဆက်တိုက်သွင်းယူပေးနိုင်ခဲ့တာကြောင့် အီဂျစ်အသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ရော်နယ်ဒိုဟာ နိုင်ငံအသင်းအတွက် ၈၁ ဂိုးအထိ သွင်းယူပေးထားပြီး နိုင်ငံအသင်းအတွက် သွင်းဂိုးအများဆုံးကစားသမားစာရင်းမှာ ထိပ်ဆုံးကနေ ရပ်တည်နေပါတယ်။

 

ပင်နယ်တီငြင်းဆန်ခံခဲ့ရတဲ့ အင်္ဂလန်အသင်း

play

play

 

နယ်သာလန်အသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ အင်္ဂလန်အသင်းက အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ နယ်သာလန်အသင်းအနေနဲ့ ပင်နယ်တီမပေးခဲ့ရတာ ကံကောင်းသွားတယ်လို့ ပြောရမှာဖြစ်ပါတယ်။ ယင်းပွဲစဉ်ဒုတိယပိုင်း ၅၂ မိနစ်မှာ အင်္ဂလန်အသင်းရဲ့တိုက်စစ်မှူး မားကပ်စ်ရက်ရှ်ဖို့ဒ်ကို နယ်သာလန်အသင်းရဲ့ဂိုးသမား ဇိုဝက်တ်နဲ့ နောက်ခံကစားသမား ဒီလစ်ဂ်ျတို့ ပင်နယ်တီဧရိယာထဲမှာ ကစားပုံ ကြမ်းတမ်းခဲ့ပေမယ့် ကွင်းလယ်ဒိုင်က ပင်နယ်တီအဖြစ် မသတ်မှတ်ပေးခဲ့ပါဘူး။ ရုပ်သံအနှေးပြကွက်ကို ပြန်လည်ကြည့်ရှုရာမှာ နယ်သာလန်အသင်း ဂိုးသမားဟာ ရက်ရှ်ဖို့ဒ်ရဲ့ခြေထောက်ကို ထိခဲ့တာကို တွေ့ရပြီး ပင်နယ်တီပေးနိုင်လောက်တဲ့ ပြစ်ဒဏ် ကျူးလွန်ခဲ့ကြောင်း တွေ့ရှိခဲ့ရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD