AD
AD
AD

မန်ယူအသင်းရဲ့ နည်းပြ မော်ရင်ဟိုအနေနဲ့ ငယ်စဉ်က ၎င်းရဲ့ သမီးကို ဒိုင်ဗင်ထိုးနည်း သင်ပေးဖူးခဲ့တယ်ဆိုတာ သက်သေပြနေတဲ့ ပုံဟောင်း တစ်ပုံကို ၎င်းရဲ့ သမီးဖြစ်သူကိုယ်တိုင်က လူမှု စာမျက်နှာထက်မှာ လှစ်ဟပြခဲ့ပါတယ်။

play

 

လက်ရှိအချိန်မှာ အသက် ၂၁ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ မော်ရင်ဟိုရဲ့ သမီး မာတယ်လ်ဒီက လွန်ခဲ့တဲ့ ၂၀၀၄ ခုနှစ်က ၎င်းကို ရေကူးနည်းသင်ပေး စဉ်က ဓာတ်ပုံတစ်ပုံကို ထုတ်ဖော်ခဲ့တာလည်း ဖြစ်ပါတယ်။

play

 

အဆိုပါ ပုံကို မော်ရင်ဟိုရဲ့ သမီးက သူမရဲ့ အင်စတာဂရမ်မှာ တင်ခဲ့တာ ဖြစ်ပြီး မော်ရင်ဟိုက အသည်းပုံ သင်္ကေတလေး ရေးသားကာ ပြန်လည် တုံ့ပြန်ခဲ့တာကိုလည်းတွေ့မြင်ရပါတယ်။

ဒီလိုမျိုး ပုံတွေကို တင်တာကတော့ ယခုတစ်ကြိမ်က ၎င်းတို့အတွက် ပထမဆုံးအကြိမ်မဟုတ်ပဲ လွန်ခဲ့တဲ့ နိုဝင်ဘာက မာတယ်လ်ဒီရဲ့ ၂၁ နှစ် ပြည့်မွေးနေ့တုန်းကလည်း အမှတ်တရပုံတွေ တင်ခဲ့ပါသေးတယ်။

ယခုလို ဖော်ပြခဲ့တဲ့ပုံကြောင့် အသင်းမှာ ကစားသမားတွေနဲ့ အဆင်မပြေဖြစ်ကာ စိတ်အနှောက်အယှက်ဖြစ်နေရတဲ့ မော်ရင်ဟိုအတွက် နောက် ထပ်စိတ်အနှောက်အယှက်ဖြစ်စေခဲ့မယ်လို့လည်း ဗြိတိန်မီဒီယာတွေက ရေးသားဖော်ပြလာပါတယ်။

Source- Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD