AD
AD
AD

ဘိုကာဂျူနီယာအသင်းရဲ့တိုက်စစ်မှူး ကားလို့စ်တီဗက်ဟာ ကော်ဒိုးဘားမှာရှိတဲ့ အကျဉ်းထောင်မှာ ဓားပြမှုကြောင့် ထောင်ဒဏ် ၁၆ နှစ်ကျခံနေရတဲ့ အစ်ကိုဖြစ်သူဆီ သွားရောက်လည်ပတ်ရင်း ထောင်တွင်းဘောလုံးပွဲမှာ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

play

 

မန်ချက်စတာယူနိုက်တက်၊ မန်ချက်စတာစီးတီး၊ ဂျူဗင်တပ်အသင်းတို့မှာ အောင်မြင်မှုတွေများစွာရရှိခဲ့တဲ့ ကားလို့စ်တီဗက်ဟာ လက်ရှိအချိန်မှာတော့ ကစားသမားဘဝစတင်ရာမိခင်ကလပ်အသင်းဖြစ်တဲ့ ဘိုကာဂျူနီယာအသင်းအတွက် ကစားပေးနေသူဖြစ်ပါတယ်။ ကားလို့စ်တီဗက်ဟာ အစ်ကိုဖြစ်သူ ဂျူအန်အယ်လ်ဘာတိုမာတီနက်ဇ်နဲ့အတူ ထောင်တွင်း ဘောလုံးပွဲမှာ ဝင်ရောက်ကစားခဲ့ပြီး မိနစ် ၂၀ လောက်မှာ ခြေသလုံးကြွက်သားဒဏ်ရာ ရရှိသွားခဲ့တာဖြစ်ပါတယ်။

play

 

အသက် ၃၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကားလို့စ်တီဗက်ဟာ ယင်းဒဏ်ရာကြောင့် ၃ ပတ်ကနေ ၁ လလောက်အထိ အနားယူရမယ်လို့ သိရပါတယ်။ တီဗက်ဟာ ကမ္ဘာ့လစာငွေအမြင့်မားဆုံးကစားသမားအဖြစ် တရုတ်စူပါလိဂ် ရှန်ဟိုင်းဆင်ဟွာအသင်းမှာ ကစားခဲ့စဉ်ကတည်းက ပုံမှန်ခြေစွမ်း ပျောက်ဆုံးနေခဲ့ပြီး ပြီးခဲ့တဲ့ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ဘိုကာဂျူနီယာအသင်းကို ပြန်လည်ပြောင်းရွှေ့လာခဲ့သူဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD