AD
AD
AD

ဘာစီလိုနာအသင်းကနေ ပီအက်စ်ဂျီအသင်းကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ခဲ့တဲ့ ဘရာဇီးလက်ရွေးစင်တိုက်စစ်မှူးနေမာကို ခေါ်ယူခွင့်ရရှိခဲ့ပေမယ့် ပယ်ချခဲ့တဲ့အသင်းရှိခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

play

 

လွန်ခဲ့တဲ့ ၁၀ နှစ်ခန့် နေမာ ဆယ်ကျော်သက်အရွယ်က ဆန်းတို့စ်လူငယ်အသင်းမှာ ကစားနေစဉ် ရုရှားပရီးမီးယားလိဂ်အသင်းတစ်သင်းဖြစ်တဲ့ လိုကိုမိုးတစ်မော်စကိုအသင်းကို ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့ပေမယ့် လိုကိုမိုးတစ်မော်စကိုအသင်းရဲ့ဥက္ကဌဖြစ်သူ နီကိုလိုင်နူမော့က အသက်အရွယ် ငယ်ရွယ်လွန်းပြီး အတွေ့အကြုံမရှိတာကြောင့် ခေါ်ယူဖို့ငြင်းဆန်ခဲ့ပါတယ်။

"ကျွန်တော်တို့ နေမာကို ဝယ်ဖို့အတွက် ထိုက်တန်လား၊ မထိုက်တန်ဘူးလားဆိုတာကို တွေးခဲ့ကြပါတယ်"

"ကျွန်တော်တို့ သူ့ကို ဝယ်ချင်ပါတယ်။ ကျွန်တော်တို့ရဲ့ကင်းထောက်တွေက သူ့ကို စောင့်ကြည့်ခဲ့ကြတာပါ"

"အဲဒီမှာ ပြဿနာတစ်ခုတော့ရှိလာတယ်။ ပထမအချက်အနေနဲ့ သူက အဲဒီတုန်းက ၁၆ နှစ်ပဲရှိသေးတယ်။ ဒုတိယအချက်က သူ ရုရှားမှာ အံဝင်ခွင်ကျဖြစ်ပါ့မလားပေါ့။ အဲဒါနဲ့ပဲ ကျွန်တော်တို့ သူ့ကို မခေါ်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်"

"အဲဒီတုန်းက သူ့ရဲ့ပြောင်းရွှေ့ကြေးက ယူရို ၁၀ သန်းလောက်ရှိပါတယ်။ ခင်ဗျား နားလည်မှာပါ။ အခြားတိုက်တစ်တိုက်က လူငယ်လေးတစ်ယောက်ကို ပိုက်ဆံတွေအများကြီးပေးပြီး ခေါ်ယူဖို့ဆိုတာ တော်တော်ကို စဉ်းစားရတဲ့ကိစ္စဆိုတာလေ"လို့ Sports-Express ကို ပြောကြားခဲ့ပါတယ်။

play

နေမာဟာ ရုရှားကို ပြောင်းရွှေ့ဖို့ပျက်ပြယ်ခဲ့ပြီး ဆန်းတို့စ်အသင်းကြီးမှာ ပါဝင်ကစားခွင့်ရရှိခဲ့ပြီး နောက် ၄ နှစ်အကြာမှာ ဘာစီလိုနာအသင်းကို ပြောင်းရွှေ့ခဲ့ပြီး လက်ရှိအချိန်မှာ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးပေးပြီး ခေါ်ယူရတဲ့ ကြယ်ပွင့်ကစားသမားဖြစ်နေပြီဖြစ်ပါတယ်။

Source & Photos: SL

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD