AD
AD
AD

ရီးရဲမက်ဒရစ်၊ ဘာစီလိုနာနဲ့ ပီအက်စ်ဂျီအသင်းတို့ဟာ လီဗာပူးအသင်းရဲ့ထိပ်တန်းဂိုးသွင်းရှင် မိုဟာမက်ဆာလာကို ခေါ်ယူဖို့အတွက် အပြိုင်အဆိုင် ကြိုးပမ်းနေကြပြီလို့ သိရပါတယ်။

play

 

မိုဟာမက်ဆာလာဟာ နိုင်ငံနဲ့ကလပ်အသင်းအတွက် ၄၃ ပွဲကစားပြီး ၃၇ ဂိုးအထိသွင်းယူထားတဲ့ကစားသမားဖြစ်ပြီး လီဗာပူးအသင်းအတွက် ပွဲဦးထွက်ရာသီမှာ အံ့အားသင့်ဖွယ်ခြေစွမ်းနဲ့ ပရီးမီးယားလိဂ်ရဲ့ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ရပ်တည်နေသူဖြစ်ပါတယ်။ လီဗာပူးအသင်းရဲ့နည်းပြ ယာဂန်ကလော့ပ်အနေနဲ့ ကော်တင်ဟိုနဲ့တုန်းကအတိုင်း မိုဟာမက်ဆာလာအတွက် ကမ်းလှမ်းမှုတွေကို ငြင်းပယ်ဖို့ အဆင်သင့်ပြင်ထားပြီး အသင်းမှာ ဆက်လက်ထိန်းသိမ်းသွားမှာဖြစ်ပါတယ်။

play

 

ဥရောပထိပ်သီးအသင်းကြီးတွေဖြစ်တဲ့ ရီးရဲမက်ဒရစ်၊ ဘာစီလိုနာ၊ ပီအက်စ်ဂျီအသင်းတို့ဟာ လီဗာပူးအသင်းပိုင်ရှင်ဖြစ်တဲ့ Fenway Sports Group မငြင်းပယ်နိုင်လောက်တဲ့ ပြောင်းရွှေ့ကြေးနဲ့ ဆွဲဆောင်ဖို့ကြိုးပမ်းနေပြီး နေမာရဲ့ပြောင်းရွှေ့ကြေးထက် ပိုမိုများပြားတဲ့ ပေါင်သန်း ၂၀၀ အထိ ပေးချေဖို့ အဆင်သင့်ပြင်ဆင်နေကြပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့နွေရာသီကမှ ရိုးမားအသင်းကနေ လီဗာပူးအသင်းကို ပေါင် ၃၄.၃ သန်းနဲ့ ပြောင်းရွှေ့ခဲ့တဲ့ မိုဟာမက်ဆာလာဟာ လက်ရှိအချိန်မှာ ပရီးမီးယားလိဂ်ဂိုး ၂၈ ဂိုးအထိ သွင်းယူထားပြီး ဘာစီလိုနာအသင်းရဲ့ကြယ်ပွင့် တိုက်စစ်မှူး မက်ဆီထက် ၃ ဂိုး ပိုမိုများပြားနေပြီဖြစ်ပါတယ်။

play

 

ဝက်ဖို့ဒ်အသင်းကို ၅ ဂိုး ဂိုးမရှိနဲ့အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ လေးဂိုးသွင်းယူထားတဲ့ မိုဟာမက်ဆာလာကို ယင်းပွဲစဉ်အပြီးမှာ နည်းပြယာဂန်ကလော့ပ်က အခုလို ချီးကျူးစကားပြောကြားခဲ့ပါတယ်။

"သူက ရိုးမားအသင်းမှာတုန်းက ဒီဇီကိုကစားတဲ့ တိုက်စစ်မှူးနေရာမှာ ပိုသင့်တော်ပေမယ့် တောင်ပံမှာပဲ ပိုကစားခဲ့ရတယ်"

"သူ တိုက်စစ်မှူးအနေနဲ့ ကစားနိုင်တယ်ဆိုတာ ဘယ်သူမှ မသိခဲ့ကြပါဘူး။ ကျွန်တော်တို့ အဲဒါကို တစ်ဆင့်ပြီးတစ်ဆင့် လေ့လာသင်ယူခဲ့ပါတယ်။ ကျွန်တော်တို့လည်း သူ အလယ်ဗဟိုမှာ ဆော့နိုင်မယ်လို့ သေချာမသိခဲ့ကြပါဘူး"

"ဒါပေမယ့် သူ့ကို ကျွန်တော်တို့ ဒီလိုမျိုး မဆက်ဆံပါဘူး။ မိုဟာမက်ဆာလာရေ မင်း လေ့ကျင့်ရေးဆင်းစရာမလိုပါဘူး။ လာမယ့်စနေနေ့မှသာ ပွဲကစားဖို့ လာခဲ့ပါ။ ငါတို့မင်းနဲ့ အန်းဖီးကွင်းထဲမှာ ဆုံကြမယ်ဆိုပြီးတော့ပေါ့"

"သူကလည်း အဲဒီလိုမျိုးဆက်ဆံတာ မလိုချင်ပါဘူး။ သူ့ရဲ့ကစားသမားဘဝရဲ့အခိုက်အတံ့တစ်ခုထဲမှာ ရှိနေတာပါ။ ဒါပေမယ့် သူ့အတွက် ဒီထက်ပိုတဲ့အရာတွေအများကြီး ရောက်လာဦးမယ်ဆိုတာ သူသိပါတယ်။ သူက သင်ယူချင်တယ်။ တိုးတက်ချင်တယ်"လို့ ပြောကြားခဲ့ပါတယ်။

Source & Photos: The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD