AD
AD
AD

ရီးရဲမက်ဒရစ်အသင်းရဲ့ စပိန်နောက်ခံလူ ရာမို့စ်ဟာ တနင်္ဂနွေနေ့ ညမှာတော့ တတိယမြောက် ရင်သွေးကလေးကို ပိုင်ဆိုင်နိုင်ခဲ့ပြီလို့ ၎င်းရဲ့ လူ မှု စာမျက်နှာထက်မှာ ရေးသားဖော်ပြထားပါတယ်။

play

 

ရာမို့စ်က ၂၂ သန်းသော ၎င်းရဲ့ အင်စတာဂမ်ပရိသတ်တွေကို အသိပေးခဲ့တာ ဖြစ်ပြီး ၎င်းရဲ့သားနာမည်ကိုတော့အလီဂျန်ဒရိုလို့ နာမည်ပေး ထားတယ်လို့လည်း သိရပါတယ်။

play

 

ကလေးကို တနင်္ဂနွေနေ့ ညနေ ၆ နာရီ ၂၄ မိနစ်မှာမွေးဖွားခဲ့ကြောင်း၊၃.၁ ကီလိုဂရမ် အလေးချိန်ရှိကြောင်းနှင့် ယခုလို ၎င်းတို့ရဲ့ အပျော်တွေကို ပြန်လည်မျှဝေပေးခဲ့သူတွေ အားလုံးကိုလည်း ကျေးဇူးတင်ကြောင်း ရာမို့စ်က ပြောခဲ့တာ ဖြစ်ပါတယ်။

ရာမို့စ်နဲ့ အတူနေချစ်သူ ရူဘီအိုတို့မှာ ၂၀၁၂ ခုနှစ်ကတည်းက စတင်လက်တွဲခဲ့ကြတာ ဖြစ်ပြီး ၎င်းတို့မှာ ၃ နှစ်အရွယ် ဆာဂျီယိုနဲ့ ၂ နှစ်အရွယ် မာကိုဆိုတဲ့ သားနှစ်ယောက်လည်း ရှိနှင့်ပြီး ဖြစ်ပါတယ်။

ယခုလို သားလေးတစ်ဦးထပ်မံမွေးဖွားလာမှုနဲ့အတူ ၎င်းရဲ့ အောင်မြင်မှုတွေလည်း ရရှိလာမယ်လို့ ရာမို့စ်က ယုံကြည်နေတာလည်း ဖြစ်ပါတယ်။

ယခုနှစ်မှာတော့ ၎င်းတို့အတွက် တစ်ခုတည်းသော ဆုဖလားအဖြစ် ချန်ပီယံလိဂ်သာ ကျန်ရှိနေတော့ပြီး တတိယဆက် ပိုင်ဆိုင်နိုင်ဖို့ ကြိုးပမ်းရ မှာဖြစ်ကာ ကွာတားဖိုင်နယ်အဆင့်မှာတော့ ဂျူဗင်တပ်အသင်းနဲ့ တွေ့ဆုံနေပါတယ်။

Source- Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD