AD
AD
AD

ကမ္ဘာ့ အားကစားလေ့လာမှတ်တမ်းတင်ရေးအဖွဲ့အစည်းတစ်ရပ်ဖြစ်တဲ့ CIESက ရွေးချယ်သတ်မှတ်တဲ့ ဥရောပ ထိပ်တန်း လိဂ်(၅)ခုမှ နေရာ လိုက် အကောင်းဆုံး ကစားသမားအဖြစ် ဘာစီလိုနာအသင်းမှ အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီလည်း ထိပ်ဆုံးမှာ သတ်မှတ်ခြင်းခံခဲ့ရပါတယ်။

play

 

အခုလို သတ်မှတ်ချက်မှာ ကစားသမားတစ်ဦးရဲ့ ကွင်းအတွင်း မိနစ်အလိုက်စွမ်းဆောင်ရည်များကို အခြေခံတွက်ချက်ထားတာဖြစ်ပြီး ဂိုးကန် သွင်းနိုင်မှု၊အခွင့်အရေးဖန်တီးပေးနိုင်မှု၊ ဘောလုံးပိုင်ဆိုင်နိုင်မှု၊ဘောလုံးဖြန့်ဖြူးပေးနိုင်မှုနဲ့အတူ တိုက်စစ်လမ်းကြောင်းများကို ဟန့်တား ဖျက် ထုတ်နိုင်မှု စတဲ့ အချက်တွေပေါ် မူတည်ပြီး သတ်မှတ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

play

 

ယခုရွေးချယ်သတ်မှတ်မှုကတော့ ၂၀၁၈ ခုနှစ်အတွင်း ကစားထားတဲ့ နောက်ဆုံး ၃လအတွင်းက လိဂ်ပွဲစဉ်တွေကို သုံးသပ်ပြီး ရွေးချယ်သတ် မှတ်ထားတာဖြစ်ပြီး ကဏ္ဍအလိုက် အကောင်းဆုံးကစားသမားတွေကို သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။

ယခုနှစ်အတွက် ရွေးချယ်ထားတဲ့ ဥရောထိပ်တန်း လိဂ် (၅)ခုမှ နေရာအလိုက် အကောင်းဆုံးကစားသမားတွေကတော့ ဂိုးသမားအဖြစ် စပါးအသင်းမှ ဂိုးသမား ဟူဂိုလိုရစ်က ရမှတ် ၈၄.၁ မှတ်နဲ့ထိပ်ဆုံးမှာလည်းကောင်း၊နာပိုလီအသင်းမှ နောက်ခံလူ ကောင်လီဘလီက ရမှတ် ၉၀.၄ မှတ်နဲ့လည်းကောင်း၊နာပိုလီအသင်းမှပင် ဗဟိုနောက်ခံလူ မာရီယိုရူးစ်က ရမှတ် ၈၈.၂ မှတ်နဲ့လည်းကောင်း၊ရီးရဲမက်ဒရစ်မှ ကွင်းလယ် ခံစစ် တိုနီခရူးစ်က ရမှတ် ၉၂.၈ မှတ်ဖြင့်လည်းကောင်း၊စပါးအသင်းရဲ့ ဗဟိုကွင်းလယ်လူ အဲရစ်ဆင်က ရမှတ် ၈၉.၉မှတ်နဲ့လည်းကောင်း၊လီယွန် နယ်မက်ဆီက တောင်ပံကစားသမားများထဲမှာ ရမှတ် ၉၃.၇ နဲ့လည်းကောင်း၊တိုက်စစ်နေရာမှာတော့ ရော်နယ်ဒိုက ရမှတ် ၉၀.၈ နဲ့ အသီးသီး နေရာလိုက် ထိပ်ဆုံးမှာ ရပ်တည်နေခဲ့ကြတာ ဖြစ်ပါတယ်။

ယင်းကဲ့သို့ နေရာလိုက် ထိပ်ဆုံးမှာ အသီးသီးရပ်တည်ခဲ့ရာမှာတော့ ဘာစီလိုနာအသင်းမှ တောင်ပံ တိုက်စ်သမား လီယွန်နယ်မက်ဆီက အခြား သော ကစားသမားများထက် ရမှတ်ရရှိမှု ပိုပိုသာလွန်နေခဲ့တာလည်း ဖြစ်ပါတယ်။

Source- Marca

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD