AD
AD
AD

အက်သလက်တီကိုမက်ဒရစ်အသင်းရဲ့ဝါရင့်တိုက်စစ်မှူး ဖာနန်ဒိုတောရက်စ်ဟာ အနာဂတ်နဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်ကို ချမှတ်ဖို့ နီးစပ်နေပြီလို့ သိရပါတယ်။ တောရက်စ်ရဲ့ဖခင်ဖြစ်သူက တောရက်စ်အနေနဲ့ လာမယ့်နှစ်ပတ်အတွင်း သူ့ရဲ့အနာဂတ်ကို ကြေညာသွားမှာဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ Goal က ရေးသားထားပါတယ်။

play
တောရက်စ်ရဲ့ ပြိုင်ပွဲအတွင်းက ကစားဟန်

 

အသက် ၃၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ တောရက်စ်ဟာ ယခုရာသီကုန်မှာ အသင်းနဲ့လမ်းခွဲခဲ့ပြီဖြစ်ပြီး နောက်ဆုံးကစားခဲ့တဲ့ရာသီမှာ အက်သလက်တီကိုမက်ဒရစ်အသင်းနဲ့အတူ ပထမဆုံးနဲ့နောက်ဆုံးအဖြစ် ယူရိုပါလိဂ်ဖလားကို ကိုင်မြှောက်နိုင်ခဲ့ပါတယ်။ စပိန်လက်ရွေးစင်အသင်းအတွက် ပွဲပေါင်း ၁၁၀ ပါဝင်ကစားပေးခဲ့တဲ့ တောရက်စ်ဟာ ဂျေလိဂ်အသင်းတစ်သင်းဖြစ်တဲ့ ဆဂန်းတိုစုအသင်းကို ပြောင်းရွှေ့မယ်လို့ မျှော်လင့်ရပြီး အပြောင်းအရွှေ့အတွက် အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။

play
ယူရိုပါလိဂ်ဖလားကို အသင်းနဲ့နောက်ဆုံးရာသီမှာ ရရှိခဲ့တဲ့ တောရက်စ်

 

ဖာနန်ဒိုတောရက်စ်ရဲ့ဖခင်ဖြစ်သူ ဟိုဆေးတောရက်စ်က ဖာနန်ဒိုအနေနဲ့ ဆုံးဖြတ်ချက်ချဖို့ နီးစပ်နေပြီဖြစ်ကြောင်းနဲ့ နောက်ထပ်ပြောင်းရွှေ့မယ့်အသင်းဟာ ဥရောပအသင်းမဟုတ်ကြောင်း အတည်ပြုပြောကြားခဲ့ပါတယ်။

"နောက်ထပ်ပြောင်းမယ့်အသင်းကတော့ ဥရောပကမဟုတ်ဘူးဆိုတာတော့ သေချာပါတယ်။ အဲဒီအသင်းက တော်တော်ဝေးတဲ့ ဟိုးအဝေးကပါ"

"သူလည်း အခုထိတော့ မသိသေးပါဘူး။ ဒါပေမယ့် မကြာခင်မှာတော့ ပြောပါလိမ့်မယ်။ နောက်နှစ်ပတ်လောက်ဆိုရင်တော့ သေချာပြောနိုင်မှာပါ"လို့ ပြောကြားခဲ့ပါတယ်။

Photos: Goal

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD