AD
AD
AD

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ညက ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပထမအကျော့ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ဘာစီလိုနာအသင်းနဲ့ ရိုးမားအသင်းတို့ရဲ့ပွဲစဉ်မှာ ဘာစီလိုနာပရိသတ်တွေရဲ့အပြုအမူကြောင့် ဥရောပဘောလုံးအဖွဲ့ချုပ်က ဘာစီလိုနာအသင်းကို အပြစ်ပေးအရေးယူခဲ့တယ်လို့ သိရပါတယ်။

play

 

ယင်းပွဲစဉ်မှာ ဘာစီလိုနာအသင်းရဲ့ပရိသတ်တွေဟာ ပွဲကစားနေချိန်အတွင်း ကွင်းထဲကို အရာဝတ္ထုတွေနဲ့ လှမ်းပစ်ခဲ့ကြတဲ့အတွက် ဥရောပဘောလုံးအဖွဲ့ချုပ်က စည်းမျဉ်းစည်းကမ်း အပိုဒ်ခွဲ ၁၆(၂)အရ ဘာစီလိုနာအသင်းကို အပြစ်ပေးအရေးယူခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာ ယင်းဖြစ်ရပ်ကြောင့် မေလ ၃၁ ရက်နေ့မှာ ဥရောပဘောလုံးအဖွဲ့ချုပ် ထိန်းသိမ်းရေး၊ ကျင့်ဝတ်နဲ့ အုပ်ချုပ်ရေးအာဏာပိုင်အဖွဲ့အစည်းနဲ့ တွေ့ဆုံပြီး အပြစ်ပေးအရေးယူမှုကို ခံယူရမှာဖြစ်ပါတယ်။

play

 

ဘာစီလိုနာအသင်းဟာ ရိုးမားအသင်းနဲ့ပွဲစဉ်မှာ ရိုးမားအသင်းရဲ့ ကိုယ့်ဂိုးကိုယ်ပြန်သွင်းမှုနဲ့ ရရှိခဲ့တဲ့ အဖွင့်ဂိုး၊ ဒုတိယမြောက်ဦးဆောင်ဂိုး၊ ပီကေး၊ ဆွာရက်ဇ်တို့ရဲ့သွင်းဂိုးတွေကြောင့် ရိုးမားအသင်းကို အိမ်ကွင်းမှာ ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိပြီး ဆီိမီးဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ဖို့ အခြေအနေကောင်းသွားခဲ့ပြီဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD