AD
AD
AD

မန်စီးတီးနည်းပြ ဂွာဒီယိုလာဟာ လာမယ့်နှစ် ချန်ပီယံလိဂ်ပြိုင်ပွဲအစမှာလည်း အသင်းရဲ့ ပွဲစဉ်တွေကို ပွဲကြည့်စင်ကနေပဲ ကြည့်ရှုရဖွယ် ရှိနေပါတယ်။ စပိန်နည်းပြဟာ လီဗာပူးလ်အသင်းကို ရှုံးနိမ့်ပြီး ထွက်ခွာခဲ့ရတဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်မှာ ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်အပေါ် အပြင်းအထန် စောဒကတက်ခဲ့သူလည်း ဖြစ်ပါတယ်။

play

 

လီရွိုင်ဆာနေရဲ့ သွင်းဂိုးကို ခွင့်မပြုခဲ့တာနဲ့ ပတ်သက်ပြီးတော့ ဂွာဒီယိုလာက စောဒကတက်ခဲ့တာဖြစ်ပြီး သူကိုယ်တိုင်လည်း ပွဲကြည့်စင်ပေါ်ကနေသာ အသင်းရဲ့ ပွဲစဉ်ကို ကြည့်ရှုဖို့အတွက် ဒိုင်လူကြီးက ညွှန်ကြားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဂွာဒီယိုလာဟာ အသင်းကို ဆက်လက်ညွှန်ကြားမှုတွေ ပြုလုပ်နေတာကို တွေ့ရှိခဲ့ရပြီးနောက် ဥရောပဘောလုံးအဖွဲ့ချုပ်ရဲ့ စုံစမ်းစစ်ဆေးခြင်းကို ခံနေရပြီ ဖြစ်ပါတယ်။

play

 

ဒီအဖြစ်အပျက်နဲ့ ပတ်သက်ပြီးတော့ မေလ ၃၁ရက်နေ့မှာ ဆုံးဖြတ်ချက်ချမှတ်သွားမှာဖြစ်ပြီးတော့ ဂွာဒီယိုလာအနေနဲ့ (၃)ပွဲပယ်ပြစ်ဒဏ်ကို ကျခံရဖွယ်လည်း ရှိနေပါတယ်။ ဂွာဒီယိုလာဟာ ကွင်းလယ်ဒိုင်ဖြစ်သူကို " ပါးစပ်ပိတ်ထား" လို့ ဒေါသတကြီး အော်ဟစ်ခဲ့ပြီးတော့ ဒါဟာ ယူအီးအက်ဖ်အေက ဖော်ပြထားတဲ့ ကစားသမား (သို့) နည်းပြဖြစ်သူဟာ ကွင်းလယ်ဒိုင်လူကြီးကို ရုန့်ရင်းကြမ်းတမ်းစွာ ပြောဆိုခြင်းမပြုရဆိုတဲ့ အချက်နဲ့ ငြိစွန်းနေခဲ့တာလည်း ဖြစ်ပါတယ်။

play

 

ဂွာဒီယိုလာဟာ ကွင်းလယ်ဒိုင်က စကား(၃) ခွန်းပြောဆိုခဲ့တာဖြစ်ပြီး " အဲဒါက လူကျွံတာလား၊ လူကျွံလား သွင်းဂိုးလားဆိုတာ တီဗွီကို ပြန်ကြည့်လိုက်၊ မင်းပါးစပ်ကိုပိတ်ထား" ဆိုတဲ့ စကားတွေကို အော်ဟစ်ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ ဂွာဒီယိုလာအနေနဲ့  ပွဲကိုအနီးကပ် ကြီးကြပ်ခွင့် ဆုံးရှုံးပြီး ပွဲကြည့်စင်ကသာ ကြည့်ရှုဖို့ ညွှန်ကြားခံရပြီးနောက် အလိုအလျောက် တစ်ပွဲပယ်ပြစ်ဒဏ်ကို ကျခံရမှာဖြစ်ပြီးတော့ နောက်ထပ် (၂) ပွဲ ထပ်မံ ပွဲပယ်ခံရဖွယ် ရှိနေတာ ဖြစ်ပါတယ်။

play

 

" ဆာနေးဟာ သူ့ဆီကို ရောက်ရှိလာတဲ့ ဘောလုံးကို ကန်သွင်းယူခဲ့တာမို့ ဒါဟာ ဂိုးအဖြစ် သတ်မှတ်ရမယ်လို့ပဲ သူ့ကို ပြောခဲ့တာပါ၊ ဘာကြောင့် ကျွန်တော့်ကို သူ ထုတ်ပယ်လိုက်လဲဆိုတာ မသိပါဘူး" လို့ ဂွာဒီယိုလာက ပြန်လည်ရှင်းပြခဲ့ပါသေးတယ်။ " သူ့ကို ဘာတစ်ခုမှ စော်ကားပြောဆိုခဲ့တာ မရှိပါဘူး၊ ဒါဟာ ဂိုးအဖြစ် ခွင့်ပြုရမယ်လို့ပဲ ပြောခဲ့တာပါ" လို့လည်း ဂွာဒီယိုလာက ထုတ်ဖော်ပြောကြားမှု ပြုလုပ်ခဲ့ပါတယ်။

ှSource : Dailymail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD