AD
AD
AD

ရီးရဲလ်မက်ဒရစ် အသင်းခေါင်းဆောင် ဆာဂျီယိုရာမို့စ်ဟာ ဂျူဗင်တပ်စ်နဲ့ပွဲမှာ ပြုမူခဲ့တာတွေနဲ့ ပတ်သက်ပြီးတော့ ပွဲပယ်ပြစ်ဒဏ်ကို ကျခံရမှာ မဟုတ်ဘူးလို့ သိရပါတယ်။ ဂျူဗင်တပ်စ်နဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲစဉ်မှာ ရာမို့စ်ဟာ ပွဲပယ်ခံခဲ့ရပြီးတော့ အသင်းရဲ့ ပွဲစဉ်ကို ပွဲကြည့်စင်ကနေသာ ကြည့်ရှုခဲ့ရတာ ဖြစ်ပါတယ်။

play

 

သူဟာ ပွဲချိန်အတွင်း အသင်းရဲ့ပွဲစဉ်ကို ဥမင်အ၀ကနေ ပြောင်းလဲကြည့်ရှုခဲ့ပြီး အသင်းကို ညွှန်ကြားမှုတွေ ပြုလုပ်ခဲ့သလို နောက်ဆုံးမိနစ် ပယ်နယ်တီပြစ်ဒဏ်ဘောနဲ့ ပတ်သက်ပြီး ဂျူဗင်တပ်စ်နည်းပြ အယ်လီဂရီနဲ့ အချင်းများမှုတွေ ဖြစ်ပွားခဲ့ပါတယ်။ ဒါ့အပြင် ကစားကွင်းဧရိယာနားကို ချဉ်းကပ်ခဲ့မှုကြောင့်လည်း သူ့ကို စည်းမျဉ်းဥပဒေများကို ချိုးဖောက်မှုနဲ့ UEFA က စုံစမ်းစစ်ဆေးခဲ့တာ ဖြစ်ပါတယ်။

play

 

မူလကတော့ ရာမို့စ်ကို ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်ကို လွဲချော်ဖွယ်ရှိတယ်လို့ သတင်းများထွက်ပေါ်ခဲ့ပေမယ့် စပိန်ကလပ် အသင်းရဲ့ အစီရင်ခံစာများအပေါ်မှာ သုံးသပ်ခဲ့ပြီး ရာမို့စ်ကို ပြစ်ဒဏ်မှ ကင်းလွတ်ခွင့် ပေးလိုက်တာလည်း ဖြစ်ပါတယ်။ UEFA ရဲ့ စည်းမျဉ်းများအရ ပွဲပယ်ခံရတဲ့ ကစားသမားဟာ ကွင်းအတွင်းဧရိယာနားသို့ ၀င်ရောက်ခွင့်မရှိဘူးလို့ သိရပါတယ်။

play

 

UEFA အနေနဲ့ အစီရင်ခံစာများနဲ့ ပွဲအပြီး အစီရင်ခံများအပေါ်မှာ ပြန်လည်သုံးသပ်ခဲ့ပြီး ရာမို့စ်ဟာ အပြစ်တစ်စုံတစ်ရာ ကျူးလွန်မှုမရှိဘူးလို့ ယူဆပြီး ပြစ်ချက်တစ်စုံတစ်ရာ ချမှတ်ခဲ့ခြင်းမရှိတာလည်း ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ရာမို့စ်ဟာ ရီးရဲမက်ဒရစ်ရဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲစဉ်ကို ၀င်ရောက်ကစားခွင့် ရရှိတော့မှာ ဖြစ်ပါတယ်။

play

 

ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်ကိုတော့ ရီးရဲလ်ဟာ အဝေးကွင်းမှာ သွားရောက်ကစားရမှာဖြစ်ပြီး ဧပြီ (၂၄)ရက်နေ့မှာ ကစားရမှာ ဖြစ်ပါတယ်။ ဆီမီးဖိုင်နယ် အခြားပွဲစဉ်ကိုတော့ လီဗာပူးလ်နဲ့ရိုးမားတို့ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။

Source : Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD