AD
AD
AD

မန်ချက်စတာယူနိုက်တက်အသင်းနည်းပြ မော်ရင်ဟိုရဲ့ လုခ်ရှောအပေါ် အနိုင်ကျင့်နေမှုဟာ ယခုနွေရာသီမှာ ရီးရဲမက်ဒရစ်အသင်းကနေ ဂါရတ်ဘေးလ်ကို ခေါ်ယူမယ့်အပြောင်းအရွှေ့ကို ဖျက်ဆီးပစ်နိုင်လောက်တဲ့အထိ အန္တရာယ်ရှိတဲ့အခြေအနေကို ရောက်ရှိနေပါပြီဖြစ်ပါတယ်။

play

 

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဂါရတ်ဘေးလ် ရီးရဲမက်ဒရစ်အသင်းကို ၂၀၁၃ ခုနှစ်က ပေါင် ၈၅.၃ သန်းနဲ့ ပြောင်းရွှေ့သွားတဲ့အချိန်ကစပြီး အပြောင်းအရွှေ့ရာသီတိုင်း ခေါ်ယူဖို့ ချဉ်းကပ်ခဲ့ပါတယ်။ ကြာသပတေးနေ့က တရုတ်အသင်းကို ဟက်ထရစ်သွင်းယူပြီး ဝေးလ်လက်ရွေးစင်အသင်းရဲ့ ဂိုးသွင်းအများဆုံးကစားသမားဖြစ်လာတဲ့ဂါရတ်ဘေးလ်ဟာ လာမယ့်နွေရာသီမှာ ဘာနေဗျူးကနေ ထွက်ခွာလိမ့်မယ်လို့ မန်ယူအသင်းက ယုံကြည်နေတာဖြစ်ပါတယ်။

play

 

ဂါရတ်ဘေးလ်ဟာ လုခ်ရှောကို မန်ချက်စတာယူနိုက်တက်အသင်းနည်းပြ မော်ရင်ဟို အနိုင်ကျင့်နေတာကို မပျော်မရွှင်ဖြစ်နေပြီး မန်ယူအသင်းကို မော်ရင်ဟို ကိုင်တွယ်နေချိန်အတွင်း ပြောင်းရွှေ့ဖို့ကိစ္စဟာ စိုးရိမ်စရာအခြေအနေဖြစ်ကြောင်း ပြောကြားခဲ့တာဖြစ်ပါတယ်။ မော်ရင်ဟိုဟာ လုခ်ရှောနဲ့နှစ်ဦးချင်း ပြောဆိုခဲ့တာတွေရှိသလို ပြီးခဲ့တဲ့ဘရိုက်တန်အသင်းနဲ့ပွဲစဉ်မှာ ပထမပိုင်းအပြီး လုခ်ရှောကို လူစားလဲလှယ်ခဲ့ပြီး အများရှေ့မှာ ဒေါသတကြီးဝေဖန်ခဲ့တာကြောင့် ပရိသတ်တွေက လုခ်ရှောအပေါ် ကရုဏာသက်ခဲ့ပြီး မော်ရင်ဟိုကို ဝေဖန်ခဲ့ကြပါတယ်။

play

 

ဟော်လန်၊ အီတလီအသင်းတို့နဲ့ ယှဉ်ပြိုင်ကစားရမယ့် အင်္ဂလန်အသင်းရဲ့လူစာရင်းမှာ ပါဝင်နေတဲ့ အသက် ၂၂ နှစ်အရွယ်သာရှိသေးတဲ့ လုခ်ရှောဟာ ခက်ခဲတဲ့ ရာသီ ၄ ခုကို အိုးထရက်ဖို့ဒ်မှာ ကုန်လွန်ပြီးပြီဖြစ်တဲ့ ရာသီကုန်မှာ အသင်းကနေ ထွက်ခွာတော့မယ်လို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD