AD
AD
AD

မန်ချက်စတာယူနိုက်တက်အသင်းရဲ့နည်းပြဟောင်း လူးဝစ်ဗန်ဟားလ်ဟာ ၂၀၁၆ ခုနှစ်က အက်ဖ်အေဖလားကို ရယူပေးခဲ့ပေမယ့် နည်းပြရာထူးကနေ ထုတ်ပယ်ဖို့ ဆုံးဖြတ်ခဲ့တဲ့ မန်ယူအသင်းရဲ့အမှုဆောင်ချုပ် အက်ဒ်ဝုဒ်ဝဒ်ရဲ့လုပ်ရပ်ကို နောက်ထပ်ပြစ်တင်ဝေဖန်မှု ထပ်မံပြုလုပ်ခဲ့ပါတယ်။

play

 

အသက် ၆၆ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ လူးဝစ်ဗန်ဟားလ်က ယင်းအချိန်က အက်ဒ်ဝုဒ်ဝဒ်ဟာ မိမိရဲ့စီမံခန့်ခွဲမှုနဲ့ပတ်သက်ပြီး ပျော်ရွှင်ကြောင်း အာမခံချက်ပေးခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

play

 

"မှားနေတဲ့တစ်ခုဘာသွားတွေ့လဲဆိုတော့ အသင်းရဲ့စီအီးအိုက ကျွန်တော်တို့ ခင်ဗျားနဲ့ပတ်သက်ပြီး လုံးဝကို ပျော်ရွှင်နေပါတယ်လို့ ပြောတဲ့အခါမှာ သတင်းစာတွေကို လုံးဝမယုံလိုက်ပါနဲ့။ ခင်ဗျား အက်ဖ်အေဖလားကို ရယူပေးပြီးတာတောင် ရာထူးကနေအထုတ်ခံရနိုင်သေးတယ်"လို့ ပြောကြားခဲ့ပါတယ်။

play

 

လူးဝစ်ဗန်ဟားလ် မန်ချက်စတာယူနိုက်တက်အသင်းကို ကိုင်တွယ်ခဲ့စဉ်က ယင်းရဲ့ကစားကွက်နဲ့ပတ်သက်ပြီး ဝေဖန်မှုတွေရှိခဲ့ပြီး ဗန်ဟားလ်က မိမိကို လုံလောက်တဲ့ငွေကြေးသာပေးခဲ့မယ်ဆိုရင် ကြယ်ပွင့်ကစားသမားတွေကို ခေါ်ယူပြီး မန်ချက်စတာစီးတီးအသင်းကို အနိုင်ယူနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။

"ဂွါဒီယိုလာက လက်ရှိအချိန်မှာ ကျွန်တော့်အတွက် ပရီးမီးယားလိဂ်မှာ အကောင်းဆုံးနည်းပြပါပဲ"

"ပက်က စီးတီးကို စက်တစ်ခုလို လည်ပတ်နေစေတယ်။ ဘောလုံးကစားတဲ့စတိုင်လ်တစ်ခုကို သူ ပြသခဲ့တယ်။ အဲဒီလိုစတိုင်လ်မျိုး ကျွန်တော် မန်ချက်စတာယူနိုက်တက်မှာရှိတုန်းက ကစားစေချင်ခဲ့တာ"

"ဒါပေမယ့် သူ့မှာက ပိုကောင်းတဲ့ကစားသမားတွေရှိနေတယ်။ ကျွန်တော့်အတွက်ကတော့ အဲဒီလိုဖြစ်ဖို့ဆိုရင် ပိုပြီးအချိန်ကြာမှာပါ။ ကံဆိုးစွာနဲ့ ကျွန်တော် အချိန်တောင် မရခဲ့ပါဘူး"လို့ ပြောကြားခဲ့ပါတယ်။

Source & Photos: DM

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD