AD
AD
AD

ရုရှားနိုင်ငံမှာ ကျင်းပမယ့် ၂၀၁၈ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗီဒီယို စောင့်ကြည့်စနစ် VAR ကို ထည့်သွင်းအသုံးပြုသွားမှာ ဖြစ်ပြီး အဆိုပါ စောင့်ကြည့်စနစ်နဲ့ ဆုံးဖြတ်ချက်များကို ပရိသတ်များထံ ပွင့်လင်းမြင်သာစွာ ချပြဆောင်ရွက်သွားမယ်လို့လည်း သိရပါတယ်။

play

 

ကွင်းလယ်ဒိုင် မသဲမကွဲ ဖြစ်ခဲ့တဲ့ အင်းဆီးဒင့် ပြဿနာများကို ဗီဒီယို စောင့်ကြည့်စနစ်နဲ့ ပြန်လည်ကြည့်ရှုတဲ့အခါ ဥရောပ လိဂ်အချို့မှာ အသုံးပြုနေတဲ့ ပုံစံအတိုင်း ကွင်းလယ်ဒိုင်တစ်ဦးတည်းက မြင်တွေ့နိုင်မယ့် ဗီဒီယိုမျက်နှာပြင်မျိုးထားရှိသွားမှာ မဟုတ်ပဲ ကွင်းအတွင်းပရိသတ် တွေပါ တစ်ပါတည်း ကြည့်ရှုနိုင်စေဖို့ ရုပ်မြင်ဖန်သားပြင် အကြီးတစ်ခု ထားရှိဆောင်ရွက်သွားစေမှာလည်း ဖြစ်ပါတယ်။

play

 

ယခုလို လုပ်ဆောင်ခြင်းဖြင့် ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်များကို အားလုံးတစ်ပါတည်း မြင်တွေ့နိုင်မှာ ဖြစ်ပြီး သံသယများ ပိုမိုလျော့ကျစေ နိုင်မယ်လို့လည်း ဖီဖာက ယုံကြည်နေတာလည်း ဖြစ်ပါတယ်။

ဗီဒီယိုစောင့်ကြည့်စနစ်ကို ဥရောပအချို့သော လိဂ်များမှာ စမ်းသပ်အသုံးပြုမှုများ ပြုလုပ်ထားနေနှင့်ပြီး ဖြစ်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အသုံးပြုဖို့ ပြီးခဲ့တဲ့ မတ်လအတွင်း ဖီဖာက အတည်ပြုခဲ့တာလည်း ဖြစ်ပါတယ်။

ယင်း ဗီဒီယိုစောင့်ကြည့်စနစ်အသုံးပြုခဲ့တဲ့ စပါးနဲ့ ရော့ခ်ျတလီအသင်းတို့ အက်ဖ်အေဖလားပွဲစဉ်တစ်ပွဲမှာ ကွင်းလယ်ဒိုင်က ဗီဒီယိုစောင့်ကြည့် စနစ် VAR ကို ပြန်လည်ကြည့်ရှုကာ ပင်နယ်တီ ပြစ်ဒဏ်ဘော သတ်မှတ်ပေးလိုက်တဲ့ အပေါ် ပြဿနာအချို့ ဖြစ်ပွားခဲ့တာကြောင့်လည်း ယခု လို ပရိသတ်တွေကိုပါ မြင်တွေ့နိုင်အောင် စီစဉ်ရခြင်း ဖြစ်တယ်လို့လည်း သိရပါတယ်။

Source- BBC SPORTS

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD