AD
AD
AD

ကမ္ဘာ့လက်ဝှေ့ ၁၁ ကြိမ် ချန်ပီယံ ဖလိုက်မေ၀ဲလ်သာက အင်္ဂလန် ပရီးမီးယားလိဂ် ကလပ်အသင်းတစ်သင်းကို ၀ယ်ယူဖို့ စိတ်ဝင်စားနေတယ် လို့ သတင်းထွက်ပေါ်လာပါတယ်။

play
နယူးကာဆယ်အသင်း လက်ရှိ ပိုင်ရှင် မိုက်အက်ရှ်လေ

 

သတင်းတွေအရ မေ၀ဲလ်သာမှာ နယူးကာဆယ်အသင်းကို ၀ယ်ယူဖို့ များနေပြီး နယူးကာဆယ်အသင်းပိုင်ရှင် မိုက်အက်ရှ်လေကလည်း အသင်း ကို ရောင်းထုတ်ဖို့ နီးစပ်နေတယ်လို့ သိရပါတယ်။

play
မေ၀ဲလ်သာနဲ့ ရော်နယ်ဒိုတို့ဟာ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိပါတယ်။

 

နောက်ထပ် ဆက်စပ်သတင်းအရလည်း မေ၀ဲလ်သာအနေနဲ့ နယူးကာဆယ်အသင်းကို ၀ယ်ယူပြီးပါက ၎င်းရဲ့ ရင်းနှီးတဲ့သူငယ်ချင်း တစ်ဦးဖြစ်တဲ့ ဘလွန်းဒီအော ၅ ဆုရ ခရစ္စတီယာနို ရော်နယ်ဒိုကို လည်းခေါ်ယူသွားမယ်လို့ ထုတ်ဖော်ပြောလာခဲ့ပါတယ်။

play
မေ၀ဲလ်သာ ထိုးသတ်ခဲ့တဲ့ ပွဲတွေနဲ့ ထိုးသတ်ကြေးများ။

 

မေ၀ဲလ်သာ အနေနဲ့ UFC ချန်ပီယံ မက်ဂရီဂေါကို အနိုင်ယူထားသူဖြစ်ပြီး ဖိလစ်ပိုင်လက်ဝှေ့ကျော် ပက်ကွီယိုကိုလည်းအမှတ်နဲ့ အနိုင်ရထားကာ ရှုံးပွဲမရှိ စံချိန်ကို တင်ရှိထားသူလည်း ဖြစ်ပါတယ်။

play

 

ယခုလို မေ၀ဲလ်သာ နယူးကာဆယ်အသင်းကို ၀ယ်ယူမယ်ဆိုတဲ့ သတင်းတွေအနေနဲ့ လက်ရှိမှာ ဖြစ်နိုင်ချေ ၁၀ လေး ၃ လေးသာ ရှိနေသေးပြီး တိကျ သေချာတဲ့ သတင်းကိုတော့ ဖော်ပြထားနိုင်ခြင်းမရှိသေးပါဘူး။

ဒါပေမယ့်လည်း နယူးကာဆယ်အသင်း ပိုင်ရှင် မိုက်အက်ရှ်လေအနေနဲ့ နယူးကာဆယ်အသင်းကို ၂၀၀၇ ခုနှစ်က ပေါင် ၁၃၄ သန်းနဲ့ ၀ယ်ယူခဲ့ တာဖြစ်ပြီး ယခု ပြန်လည်ရောင်းထုတ်ရာတွင် ပေါင် သန်း ၃၅၀ နဲ့ သန်း ၄၀၀ ကြား အလိုရှိနေတယ်လို့လည်းသိရပါတယ်။

ယခု ၀ယ်ယူဖို့ သတင်းထွက်ပေါ်နေတဲ့ ကမ္ဘာ့ ဟဲဗီးဝိတ် လက်ဝှေ့ ကျော် မေ၀ဲလ်သာမှာ တစ်နှစ် ၀င်ငွေအကောင်းဆုံး အားကစားသမားအဖြစ် ၂၀၁၂ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အထိ ရပ်တည်ခဲ့သူဖြစ်ကာ နောက်ဆုံး ထိုးသတ်ခဲ့တဲ့ မက်ဂရီဂေါနဲ့ ပွဲမှာ ထိုးသတ်ကြေး အမေရိကန်ဒေါ်လာ သန်း ၃၀၀ အထိ ရရှိထားခဲ့တာလည်း ဖြစ်ပါတယ်။

လက်ရှိ ငွေကြေးပိုင်ဆိုင်မှုကတော့ CelebrityNetWorth.com ရဲ့ ဖော်ပြချက်အရ အမေရိကန်ဒေါ်လာ သန်း ၅၆၀ အထိ ချမ်းသာတယ်လို့ သိ ထားရပါတယ်။

Source- Sportskeeda

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD